Celebrities

အချစ်ဦးကို နှစ် ၃၀ စောင့်ပြီး လက်ထပ်လိုက်တဲ့ လူကြမ်းသရုပ်ဆောင် လူပျိုကြီး ဇော်ထွန်း

ရုပ်ရှင်သရုပ်ဆောင် နဲ့ ဒါရိုက်တာ ဇော်ထွန်းကတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ ရုပ်ရှင်ထဲမှာ လူကြမ်း သရုပ်ဆောင် ခဲ့ပေမယ့် အပြင်မှာ ဦးဇော်ထွန်းဟာ လူကြမ်းတစ်ဦးမဟုတ်ခဲ့ပါဘူးအသက် ၄၇ နှစ်အထိ လူပျိုကြီး ဘဝနဲ့ ရပ်တည်ခဲ့ပေမယ့် နှစ်

၃၀ အထိ စောင့်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ချိန်မှာတော့ လက်ထပ်ဖြစ်ခဲ့တဲ့အကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် “လူပျိုကြီး လုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် အေးချမ်းတဲ့ မိသားစု ဘဝ ကို ပိုင်ဆိုင်ချင်လို့ အသက် (၄၇) နှစ်မှာ အိမ်ထောင်ပြုခဲ့တယ်…ဇနီးသည်က လွန်ခဲ့တဲ့

နှစ် (၃၀) လောက်က ကြိုက်ခဲ့ဖူးတဲ့ အချစ်ဦး ပါသူ့ဆီမှာ ခင်ပွန်းဟောင်း နဲ့ ရခဲ့တဲ့ သမီးလေး တစ်ယောက် ပါလာပေမယ့် ကိုယ့် သမီး အရင်းလေး လို ချစ်ပါတယ်” လို့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဇော်ထွန်းကဆိုပါတယ်။သမီးလေးနဲ့လည်းဆက်ဆံရေးအဆင်ပြေတယ်လို့

သိရပြီး ဦးဇော်ထွန်းကပရိသတ်တွေအတွက်လည်း တန်ဖိုးရှိတဲ့စကားလေးတစ်ခွန်းကို လက်ဆောင်အနေနဲ့ ပြောလာခဲ့ပါသေးတယ် ဦးဇော်ထွန်းက ” လူဆိုတာ သူ့အတ္တကိုဖြည့်စွမ်းပေးရင် ကိုယ့်အတ္တလည်း တဖြေးဖြေး ပြည့်လာမယ်လို့ကျနော် ငယ်ငယ်က ယုံကြည့်ထားတယ်….. လို့ စကားလက်ဆောင်ပေးထားခဲ့ပါတယ်လူကြမ်းသရုပ်ဆောင်တွေဟာ အပြင်မှာတော့ လူကြမ်းသူကြမ်းကြီးတွေမဟုတ်ကြောင်း ဦးကိုကိုဦး ဦးအောင်ခိုင်တို့နဲ့အတူ ဦးဇော်ထွန်းကလည်းပြသလာခဲ့တာပါ ပရိသတ်ကြီးရေ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ မျှဝေးလိုက်ရပါတယ်နော်။

#credit