Celebrities

ဆုမြတ်နိုးဦးရဲ့မွေးနေ့အတွက် အမိုက်စားမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၃၀)ရက်နေ့လေးကျေတာ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးရဲ့ မွေးနေ့ရက်လေးပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ မွေးနေ့လေးအတွက်ကို သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင် မင်းသားချော ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့ ကအမိုက်စားမွေးနေ့ဆုတောင်းပေးထားပါသေးတယ်။

“Happy Birthday ပါ မြတ်နိုးရေ။ ယနေ့ကျရောက်သော မွေးနေ့မှစပြီး ယခုထက်ပို၍ ရီနိုင် ခွီနိုင် ဗရမ်းဗတာတွေဖြစ်နိုင်ပါစေလို့ ငါတို့ ဆုတောင်းပေးလိုက်ပါတယ်ဟာ ” လို့ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Page လေးကနေတစ်ဆင့် ဆုတောင်းပေးထားခဲ့တာပါ။ ကျော်ကျော် ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ (၃)ယောက်ကတော့ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ လို့ အဖွဲ့လေးဖွဲ့ထားပြီး အနုပညာလှုပ်ရှားမှုတွေက်ု အတူတကွလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးကနေ စပြီး အနုပညာလောကမှာပိုမိုအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဆုမြတ်နိုးဦးရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦး။

#credit cele gabar