Celebrities

မျောက်လေးတွေအတွက် အာဟာရဒါနသွားရောက် ကျွေးမွေးခဲ့တဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကတော့ လတ်တလောမှာ မျောက်လေးတွေကို အစာကျွေးတဲ့ ကုသိုလ်လေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ မေလသံစဉ်ကတော့ အသက်အရွယ်နဲကမလိုက်လောက်အောင်ကို လူလေးကလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်လှတာကြောင့် ပရိသတ်တွေအချစ်ကြီး ချစ်နေရတဲ့ သူတစ်ယောက်ပါ။

လတ်တလောမှာလည်း မေလသံစဉ်က လှော်ကားဥယျာဉ်မှာရှိတဲ့ မျောက်လေးတွေအတွက်ကို အာဟာရဒါန အလှူအနေနဲ့ အစားအစာတွေကိုယ်တိုင်ကိုယ်ကျ သွားရောက်ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့အလှူလေးအတွက်ကို ပရိသတ်တွေ ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ရအောင် မျောက်လေးတွေကို အစာကျွေးမွေးနေတဲ့ ပုံလေးနဲ့ အလှူလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မေလံစဉ်ရဲ့ မျောက်ကလေးတွေကို အစာအာဟာရသွားရောက်လှူဒါန်းခဲ့တဲ့ မွန်မြတ်လှတဲ့ အလှူလေးနဲ့ တိရိစ္ဆာန်လေးတွေအပေါ်မှာ စာနာသနားတတ်တဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မေလသံစဉ်ရဲ့ အလှူလေးအတွက်ကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။


#credit cele  gabar