News

သြဂုတ်၁ရက်ဖွင့်မည့် ၁၈ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေထီဖွင့်ပွဲတွင် လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲ၂၀၀၀ကျော်ထပ်တိုးထည့်သွင်းထား

သြဂုတ်၁ရက်ဖွင့်မည့် ၁၈ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေထီဖွင့်ပွဲတွင် လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲ၂၀၀၀ကျော်ထပ်တိုးထည့်သွင်းထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ကြေညာချက်အရသိရသည်။

ဇူလိုင်လနောက်ဆုံးပတ်အောင်ဘာလေသိန်းဆုဌာနခွဲ၏ကြေညာချက်အရ ၁၈ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သန်း၂၅၀ ဆုမဲပေါင်း၂၂၂၄ဆုကိုလည်း ထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း၂၅၀အားတစ်ဆုချင်းမဲ ကျပ်၁၀သိန်း၄ဆု၊ ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း၂၀ဆု၊ကျပ်၂သိန်း၂၀၀ဆု၊ကျပ်၁သိန်း၂၀၀၀ဆုတို့ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

၁၈ကြိမ်မြောက်အောင်ဘာလေ ၁၀၀၀ကျပ်တန်သိန်းဆုဖွင့်ပွဲကို သြဂုတ်လ၁ရက်နေ့တွင် အမှတ်၃၈၄၊ ကျောက်တံတားမြို့နယ် အောင်ဘာလေသိန်းဆုဌာနခွဲ ၊ထီဖွင့်ပွဲခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

#credit