Health & Knowledge

ကြွက်နို့ များကို မနာမကျင်ပဲ လက်တွေ့ပျောက်ခဲ့တဲ့ နည်း

ကြွက်နို့၏ သဘောသဘာဝမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် ဂရုစိုက်မှုနည်းပါး၍ လက်ခြေထောက်၊ ခန္ဓာကိုယ်အရေပြားတို့ပေါ်တွင် ပေါက်လေ့ ရှိပြီး ပျောက် ကင်းအောင် ကုသရန် ခက်ခဲလှပါသည်။ငွေကြေးတတ်နိုင်သူတို့ကကြွက်နို့ကို မီးရှို့သောနည်းဖြင့် ကုကြသည်။ အဆင်ပြေလှသည်မရှိပါ။အချို့မှာမူ ဓားဖြင့်လှီးဖြတ်၍ သွေးသံရဲရဲဖြစ်ကာ တခြားဝေဒနာတွေ ဝင်ရောက်ခြင်းကိုပင် ခံစားရသည်။အချို့ က လည်း လမ်းညွှန်သူများ၏ စကားကို နားယောင်လျက် လမ်းဘေး ပလက်ဖောင်းပေါ်၌ ကြွက်နို့ကို ကုဖြတ်ကာ ဆေး ထည့်ပေးသည့် ထံသွားရောက်ပြီး ကုသမှုခံယူကြပြန်သည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နှင့် လေး ကြရသောအဖြစ်များကား မရေမတွက်နိုင်။သို့ဆိုလျှင် ကြွက်နို့တည်းဟူသော အရေပြားရောဂါဝေဒနာ အမြန်ဆုံး သက်သာပျောက်ကင်းသွားစေဖို့ မည်သို့သောမြန်မာဆေးမြီးတိုနှင့် ကုသရပါမည်နည်း။ဘာခက်မှာတဲ့နည်း…ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက် ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့ပေါ်တွင် အမြဲမပြက်လိမ်း လိမ်းပေးပါ။တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင် ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။မှတ်ချက်။ ။ သုတေသီဆရာငြိမ်း လေ့လာပြုစုထားသည့် လက်တွေ့အသုံးချ (ရွက်-ခေါက်-မြစ်-သီး) မြန်မာ့ဆေးမြီးတိုများ မှ ဖော်ပြပါသည်။ဂျင်းအတက်လေးကို ထံးုနဲ့ ကြွက်နို့ပေါ်ကနော် ပွတ်ပေးရင် အလွန်ဆုံးမိနစ်သုံးဆယ်လောက်ဆို ကျွတ်သွားပါတယ် နည်းတမျိုးပေါ့ ဗျာ ကျွန်တော်ကိုယ်တိုင်လုပ်ဖူးတာလေးပါ..ကြက်သွန်နီဥကိုထက်ခြမ်းခြမ်းပြီး ပထမပေါက်သောကြွက်နို့ကို သွေးထွက်အမြစ်ကျွတ်အောင် ပွတ်ပေးပါပြီလျှင်ကြက်နီထက်ခြမ်း လေအုပ်ထားပေးလိုက်ပါကျနော်လက်တွေ့ပျောက်သောနည်းပါ။
Zawgyi Version

ကြွက်နို့၏ သဘောသဘာဝမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် ဂရုစိုက်မှုနည်းပါး၍ လက်ခြေထောက်၊ ခန္ဓာကိုယ်အရေပြားတို့ပေါ်တွင် ပေါက်လေ့ ရှိပြီး ပျောက် ကင်းအောင် ကုသရန် ခက်ခဲလှပါသည်။ငွေကြေးတတ်နိုင်သူတို့ကကြွက်နို့ကို မီးရှို့သောနည်းဖြင့် ကုကြသည်။ အဆင်ပြေလှသည်မရှိပါ။အချို့မှာမူ ဓားဖြင့်လှီးဖြတ်၍ သွေးသံရဲရဲဖြစ်ကာ တခြားဝေဒနာတွေ ဝင်ရောက်ခြင်းကိုပင် ခံစားရသည်။အချို့ က လည်း လမ်းညွှန်သူများ၏ စကားကို နားယောင်လျက် လမ်းဘေး ပလက်ဖောင်းပေါ်၌ ကြွက်နို့ကို ကုဖြတ်ကာ ဆေး ထည့်ပေးသည့် ထံသွားရောက်ပြီး ကုသမှုခံယူကြပြန်သည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နှင့် လေး ကြရသောအဖြစ်များကား မရေမတွက်နိုင်။သို့ဆိုလျှင် ကြွက်နို့တည်းဟူသော အရေပြားရောဂါဝေဒနာ အမြန်ဆုံး သက်သာပျောက်ကင်းသွားစေဖို့ မည်သို့သောမြန်မာဆေးမြီးတိုနှင့် ကုသရပါမည်နည်း။ဘာခက်မှာတဲ့နည်း…ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက် ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့ပေါ်တွင် အမြဲမပြက်လိမ်း လိမ်းပေးပါ။တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင် ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။မှတ်ချက်။ ။ သုတေသီဆရာငြိမ်း လေ့လာပြုစုထားသည့် လက်တွေ့အသုံးချ (ရွက်-ခေါက်-မြစ်-သီး) မြန်မာ့ဆေးမြီးတိုများ မှ ဖော်ပြပါသည်။ဂျင်းအတက်လေးကို ထုံးနဲ့ ကြွက်နို့ပေါ်ကနော် ပွတ်ပေးရင် အလွန်ဆုံးမိနစ်သုံးဆယ်လောက်ဆို ကျွတ်သွားပါတယ် နည်းတမျိုးပေါ့ ဗျာ ကျွန်တော်ကိုယ်တိုင်လုပ်ဖူးတာလေးပါ..ကြက်သွန်နီဥကိုထက်ခြမ်းခြမ်းပြီး ပထမပေါက်သောကြွက်နို့ကို သွေးထွက်အမြစ်ကျွတ်အောင် ပွတ်ပေးပါပြီလျှင်ကြက်နီထက်ခြမ်း လေအုပ်ထားပေးလိုက်ပါကျနော်လက်တွေ့ပျောက်သောနည်းပါ။

#credit