Knowledge

ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်ကွယ်လွန်

လွန်ခဲ့သောနှစ်ပေါင်း ၆၀ က အာရှတွင် ပထမဆုံးအဖြစ် BSA မော်တော်ဆိုင်ကယ်ဖြင့် မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ မိုင်ပေါင်း ငါးသောင်းကျော် တစ်နှစ်ကြာ စွန့်စားခရီးသွား ကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်သည် ဇူလိုင်လ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် သီလရှင်ဘဝဖြင့် တိမ်းပါး ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။အသက် ၁၈ နှစ်မှာ ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့အမျိုးသမီး မတင်တင်စိန်ဟာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရက်မြို့နယ်)နဲ့ အောင်မြင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ သရက်မြို့ရဲ့ မယ်လည်း ဖြစ်ခဲ့သူပါ။လွန်ခဲ့တဲ့ ၆၃ နှစ် ၁၉၅၅ ခုနှစ်ကာလမှာ အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးလေးဟာ သူ့အမျိုးသားနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ ကမ္ဘာ့ပတ်ခဲ့တယ်ဆိုရင် ဒီနေ့ခေတ်လူငယ်တွေ ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံ့သြသွား ကြမှာပါ။မြန်မာ့ပထမဆုံး မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ အဘွားတင်တင်စိန်နဲ့ အဘိုးဦးဘတုတ်တို့ နှစ်ဦးဟာ မြန်မာနိုင်ငံကနေ အင်္ဂ္လန်နိုင်ငံအထိ အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုဖြတ်ကာ အချိန်တစ်နှစ်ကျော်ကြာ မိုင်ပေါင်း ၅၀ဝဝဝ ကျော် သွားခဲ့ကြတာပါ။ အဲဒီခရီးစဉ်မှာ ဥရောပနိုင်ငံတွေ အကုန်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ ကိုလည်း ဖြတ်ကျော်လည်ပတ်ခဲ့ကြပါသေးတယ်။သူတို့ရဲ့ ကမ္ဘာပတ်သတင်းဟာ မြန်မာနိုင်ငံရဲ့Nation သတင်းစာအပါအဝင် သူတို့ဖြတ်သန်းခဲ့တဲ့ နိုင်ငံတော်တော်များများက သတင်းစာတွေမှာ ဖော်ပြခံခဲ့ရပြီး ခရီးစဉ်တစ်လျှောက် နိုင်ငံတွေရဲ့ အကြီးအကဲတွေဖြစ်တဲ့ သမ္မတ၊ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဘုရင်စတာတွေကလည်း သူတို့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။၁၉၅၅ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ တစ်နှစ်ကျော်ကြာ ကမ္ဘာပတ်ခဲ့တဲ့ အကြောင်းတွေကို ခုနှစ် နာမည် ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတိအကျ ပြောပြသူကတော့ အသက် ၈၃ နှစ်အရွယ် အဘွား ဒေါ်တင်တင်စိန်ပါ။
ခဲရောင်ချိတ်လုံချည်၊ ခဲရောင်အင်္က࿿ျီကို ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်ပြီး ထိုင်ခုံမှာထိုင်ကာ အေးအေးဆေးဆေး ပြန်ပြောပြနေတဲ့ အဘွားရဲ့မျက်လုံးတွေဟာ ခုချိန်ထိ တောက်ပစူးရှနေဆဲပါ။အဘွားရဲ့ မျက်လုံးတွေကတစ်ဆင့် ဖတ်ရှုခံစားနိုင်တာကတော့ အဘွားဟာ တစ်ချိန်က ထက်မြက်တကြွ်ကတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တာ သေချာတယ်ဆိုတာပါပဲ။”အဘွားကို အားလုံးက ဝိုင်းတားကြတယ်။ ဘာလို့သွားမှာလဲ မိန်းမတန်မဲ့နဲ့ အိမ်မှာနေတာ မဟုတ်ဘူးပေါ့။ အဲဒီခေတ်က ပိုဆိုးတယ်” ဆိုပြီး အဘွားတင်တင်စိန်က စပြောပါတယ်။ အားလုံး ဝိုင်းတားတဲ့ကြားက ထက်မြက်တဲ့ အဘွားဟာ သူ့အမျိုးသားနဲ့အတူ သူ့တို့ဇနီးမောင်နှံ ဆုံးဖြတ်ထားတဲ့အတိုင်း ရအောင်သွားခဲ့တဲ့ ဒီကမ္ဘာပတ်ခရီးဟာ မြန်မာနိုင်ငံအတွက်တော့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့တာအမှန်ပါ။
#credit original poster