Celebrities

ခေတ်နဲ့သစ်တို့ထက်ငယ်တဲ့ကလေးတွေ ရောဂါဝေဒနာတွေခံစားနေရတာမြင်တိုင်း စိတ်ထိခိုက်ရတယ်ဆိုတဲ့ ချစ်သုဝေ

သမီးအမွှာလေးနှစ်ယောက်ရဲ့ နာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်း တစ်ခုကို တည်ထောင်ထားပြီး အမှန်တကယ် လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ချစ်သုဝေ နဲ့ လင်းလင်းတို့ဇနီးမောင်နှံကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေအတွက်လည်း ဆေးကုသစရိတ်တွေလှူဒါန်းနေတာ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။


ဒီနေ့မှာတော့ ခေတ်သစ်ဖောင်ဒေးရှင်း က တာဝန်ယူခွဲစိတ်ပေးမယ့်လူနာကလေးတွေနဲ့ ခွဲစိတ်ပေးပြီးသားကလေးတွေကို အလှူငွေပေးရင်း လိုတာတွေ ကိုယ်ထပ်လုပ်ပေးနိုင်တာတွေကိုလည်းမြင်လာသိလာရတယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာတွေ့ရပါတယ် ။ သမီးလေးတွေထက် ငယ်တဲ့ကလေးတွေ, ရွယ်တူသမီးငယ်သားငယ်လေးတွေ ဝေဒနာတွေခံစားနေရတာမြင်တိုင်း စိတ်ထိခိုက်လွန်းရတယ်လို့လည်း သူမရဲ့ခံစားချက်လေးကိုရင်ဖွင့်ရေးသားထားပါသေးတယ် ။
ခွဲစိတ်ပေးတဲ့ဆရာဝန်ကြီးတွေနဲ့ ICU ဆရာမတွေဟာသိပ်လေးစားကျေးဇူးတင်ဖို့ကောင်းသလို ကျန်ရှိတဲ့နေ့ရက်တိုင်း အပူတွေကို အေးမြစေသူ ကူညီစောင့်ရှောက်နိုင်သူဖြစ်ရပါစေလို့ပဲ ဘုရားမှာဆုတောင်းရတော့တယ် လို့ သူမရဲ့ဆန္ဒလေးကိုလည်း ရေးသားထားပါသေးတယ် ။
#credit cele gabar