Celebrities

ဂျီဟောသူ ဇာတ်သိမ်းပိုင်းမှာ အားလုံးကို ချေပစ်လိုက်တဲ့ သန်းဝင်းအောင်

လက်ရှိ MRTV-4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲလေးကတော့ စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပြီး ပရိသတ်တွေတော်တော်လေး အကြိုက်တွေ့နေကြတာပါ ။ ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေကို ပရိသတ်တွေ အတော်လေးသဘောကျနေကြပြီး ဇာတ်ကောင်တွေရဲ့ အချစ်ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အတော်လေး စိတ်ဝင်စားနေကြတာပါ ။

ဒီဇာတ်လမ်းတွဲထဲမှာ သန်းဝင်းအောင် (ခေါင်းမဆန့်) အဖြစ်သရုပ်ဆောင်ထားတဲ့ သူရမောင်ချို ရဲ့ ကာရိုက်တာလေးကတော့ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်စားနေတဲ့ ကာရိုက်တာလေးတစ်ခုပါ ။ မော်မော်ကို တဖက်သတ်နှစ်ပေါင်းများစွာ ပိုးပန်းခဲ့ပေမယ့် မော်မော်အချစ်ကို မရခဲ့တဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေက ဂရုဏာသက်နေခဲ့ကြတာပါ ။ ဒီနေ့ဇာတ်သိမ်းပိုင်းလေးအပြီးမှာတော့ သူရမောင်ချိုက အန်ကယ်သန်းက မိုက်တယ်နော် သူ့ကိုကောင်မလေးကပြန်မကြိုက်တော့ပျိုကြီး လုပ်ပြီး.. ပိုက်ဆံပဲရှာပလိုက်တယ်အေးရော..FA တွေအားမငယ်ကြနဲ့အန်ကယ်သန်း အန်းမယ် ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချေမိုးလိုက်တာပါ ပရိသတ်ကြီးရေ ..။

ဂျီဟောသူလည်းပြီးပြီဆိုတော့ ပရိတ်သတ်တွေနဲ့ ခဏဝေးရတော့မှာဖြစ်တဲ့အတွက် ပရိသတ်ကြီးကလည်း သန်းဝင်းအောင်ကို လွမ်းနေကြမယ်ထင်ပါတယ်နော် ။ သန်းဝင်းအောင် အဖြစ်သရုပ်ဆောင်ထားတဲ့ သူရမောင်ချိုကတော့ ဒီထက်မက သရုပ်ဆောင်ပိုင်းကိုလည်းဆက်လက်ကြိုးစားသွားပါမယ်လို့ ပရိသတ်တွေကို ကတိပေးထားပါတယ်နော် ။


#credit cele gabar