Local News

သြဂုတ်လ ၉ ရက် နံနက်အစောတွင် ပညာရေးဝန်ကြီးဌာန Website က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကိုကြေညာမည်

လာမည့် သြဂုတ်လ ၉ ရက် နံနက်အစောတွင် ပညာရေးဝန်ကြီးဌာန Website က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကိုကြေညာမည်ကြောင်းသိရသည်။ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော် မတီက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ နေပြည် တော်ကောင်စီ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များထံ ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက် တန်းကျောင်းများတွင် လုံးဝ(လုံးဝ)ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ Website ၌သာ ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ ၉၁၀၂၇၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

ပြည်မြန်မာ