News

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရားများကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားများကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။Covid-19 ရောဂါကာလအတွင်း ဘုရား၊ စေတီတော်များကို ပိတ်ထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး Down Town အတွင်းရှိ ဘုရား၊ စေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်သည်။Down Town ပြင်ပရှိ ဘုရားများအား သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ covid -19 ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။Covid -19 ကာလအတွင်း ဘုရားဖူးခွင့်ကို ဧပြီလ ပထမအပတ်တွင် စတင်ပိတ်သိမ်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ တွင် မူလအတိုင်း ဘုရားဖူးခွင့်ကို ပြန်လည်ဖွင့်လှစ်သွားမည်လည်းဖြစ်သည်

(unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားများကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။Covid-19 ရောဂါကာလအတွင်း ဘုရား၊ စေတီတော်များကို ပိတ်ထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး Down Town အတွင်းရှိ ဘုရား၊ စေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်သည်။Down Town ပြင်ပရှိ ဘုရားများအား သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ covid -19 ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။Covid -19 ကာလအတွင်း ဘုရားဖူးခွင့်ကို ဧပြီလ ပထမအပတ်တွင် စတင်ပိတ်သိမ်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ တွင် မူလအတိုင်း ဘုရားဖူးခွင့်ကို ပြန်လည်ဖွင့်လှစ်သွားမည်လည်းဖြစ်သည်။
#credit