Celebrities

ပုဂံမှာ မိသားစုပျော်ပျော်ရွှင်ရွှင် လည်ပတ်ခဲ့တဲ့ အမှတ်တရ ကြည်နူးစရာပုံလေးတွေတင်လိုက်တဲ့ အိမ့်ချစ်

နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်တဲ့ အဆိုတော်အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုတစ်ထပ်တည်းနင်းနိုင်သူလေး ဖြစ်ပါတယ်။ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ အိမ့်ချစ်က ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်နေတာ ဖြစ်ပါတယ်။ အိမ့်ချစ်က တစ်ကိုယ်တော်အခွေတွေထွက်ရှိအောင်မြင်ခဲ့သလို ရှိုးပွဲကြီးတွေမှာလည်း ပါဝင်ဖျော်ဖြေနေရတာဖြစ်ပါတယ်။
သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးပဲ ဖြစ်ပါတယ်။အိမ့်ချစ်ကတော့ အလွမ်းအဆွေးစတဲ့ ဂီတအမျိုးအစားများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပြီး အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။
သူမကတော့ အနုပညာအလုပ်တွေတောက်လျှောက်လုပ်နေတာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖောပြလေ့ရှိတာလည်းတွေ့ရပါတယ်။ဒီနေ့လေးမှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ ပုဂံမြေကို သွားရောက်လည်ပတ်ခဲ့တဲ့ အမှတ်တရပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် cele zone ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။အိမ့်ချစ်တို့ဇနီးမောင်နှံလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုတည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

#credit cele zone