Celebrities

အကိုဖြစ်သူကို အနားမှာထားပြီး တဖွဖွနမ်းနေတဲ့ သမီးငယ်လေးကို ချစ်စနိုးနဲ့ ဗီဒီယိုရိုက်ထားတဲ့ မေမေချောရတနာ

သာယာတဲ့မိသားစုဘဝလေးမှာ အခြေကျနေပြီဖြစ်တဲ့ ချောရတနာတစ်ယောက် အနုပညာအလုပ် တွေကို အရင်ကလောက်တောင် မလုပ်တော့ပါဘူး။ ချစ်ရတဲ့သားနဲ့သမီးကို သူမရဲ့အချိန်တွေ အားလုံးပေးလိုက်ပြီး သားသမီးတွေရဲ့မျက်နှာကိုကြည့်ကာ ပျော်ရွှင်မှုတွေ ခံစားနေခဲ့ပါတယ်။ သားနဲ့သမီးကလည်း တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာကြောင့် မေမေကတော့ ပီတိတွေဖြာနေခဲ့ပါတယ်။ဒီနေ့မှာလည်း သမီးငယ်လေး Co Co က သူ့အကိုကြီးကို တဖွဖွနမ်းနေတဲ့ ဗီဒီယိုလေးကို မေမေက ချစ်စနိုးနဲ့ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် မှာဝေမျှခဲ့ပါတယ်။ ဂျုံမှုန့်တွေပေနေတဲ့ကြားက အကိုကြီးကို နမ်းချင်လို့ ခဏခဏလှမ်းခေါ်နေတဲ့ညီမလေးကို အကိုကြီးကလည်း မငြိုမငြင်နဲ့ အနမ်းခံတဲ့ ပုံလေးက တကယ်ကိုချစ်စရာကောင်းပါတယ်။ မောင်နှမတွေဟာ ကစားဖော်လည်းဟုတ်သလို အပြန်အလှန် တိုင်ပင်ဖော် သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။
မိဘတွေကိုတောင်မသိမပေးတဲ့တစ်ချို့ကိစ္စတွေမှာ မောင်နှမအချင်းချင်းတိုင်ပင်ပြီး ဖြေရှင်းရတဲ့ အခိုက်အတန့်တွေဟာ ပျော်ဖို့ကောင်း မှန်း မောင်နှမရှိသူတိုင်းသိကြမှာပါ။ မေမေကလည်း သားနဲ့သမီးရဲ့ချစ်စရာအခိုက်အတန့်လေးကို ” အိုဗာတင်း co co ” ဆိုပြီး တင်ခဲ့တာပါ။ ပရိသတ်တွေကလည်း မောင်နှမနှစ်ယောက်ကိုကြည့်ပြီး အချစ်ပိုနေခဲ့ကြပါတယ်။

#credit