Celebrities

တိုင်းနဲ့ပြည်နယ်လေးခုမှ ဝါဆိုဖို့ခက်ခဲနေတဲ့ဘုန်းကြီးကျောင်း(၃၆) ကျောင်းအတွက် ဝတ္ထုငွေနဲ့သင်္ကန်းတွေ လှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားစည်ဖြိုးရဲ့မိသားစုလေးကိုတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေသိကြမှာပါ။ လတိုင်းမှာ နေ့စဉ်ရက်ဆက်ဆိုသလို အလှူလုပ်လေ့ရှိတဲ့မိသားစုဖြစ်ပြီး အလှူကြီးအတန်းကြီးလည်း မကြာခဏပေးလေ့ရှိသူတွေပါ။ ဒါ့အပြင် ET Foundation ကတည်ထောင်ထားတဲ့ မိသားစုပိုင်မျက်စိဆေးရုံကြီးမှာလည်း မျက်စိနဲ့ပတ်သက်တဲ့ရောဂါတွေကို အခမဲ့ခွဲစိတ်ကုသမှုပေးလျက်ရှိပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ရောက်တော့မှာဖြစ်ပြီး ဝါဆိုဖို့ခက်ခဲနေမယ့် သံဃာတော်တွေအတွက်စဉ်းစားပြီး စည်ဖြိုးရဲ့မိခင်ဒေါ်သီသီဝင်းကတော့ ဒီနေ့မှာ အလှူတစ်ခုပြုလုပ်ခဲ့ပြန်ပါတယ်။ မကွေးတိုင်း၊မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် တိုင်းနဲ့ပြည်နယ်လေးခုမှာရှိတဲ့ ဝါဆိုဖို့ခက်ခဲနေတဲ့ဘုန်းကြီးကျောင်း (၃၆) ကျောင်းအတွက် ဝါဆိုသင်္ကန်းနဲ့ ဝတ္ထုငွေတို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

အလှူတိုင်းကို ထောင့်စေ့ပြီး မလစ်ဟင်းရအောင်လှူဒါန်းပေးလေ့ရှိတဲ့ စည်ဖြိုးတို့ မိသားစုကတော့ ဒီတစ်ခေါက်မှာလည်း အကျိုးများစေမယ့်အလှူလေးကို လှူဒါန်းပေးခဲ့တာပါ … ရှာရသမျှ အကုန်လှူဖို့ပဲ တွေးနေတဲ့ အလှူရေစက်လက်နဲ့မကွာ စည်ဖြိုးတို့ မိသားစုရဲ့ ဒီတစ်ခေါက်အလှူလေးကိုလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


#credit