Celebrities

အနုပညာနဲ့ ပတ်သက်ပြီး နောက်ထပ်ခြေလှမ်းသစ်တစ်ခုစလိုက်တဲ့ မေမီကိုကို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မေမီကိုကိုကတော့ လက်ရှိမှာ အနုပညာနဲ့ ပတ်သက်တဲ့ ခြေလှမ်းအသစ်တစ်ခုကို ဖန်တီးလိုက်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။မေမီကိုကိုကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွေကို ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။မေမီကိုကိုကတော့ သရုပ်ဆောင်အလုပ်အပြင် မကြာသေးခင်ကလည်း သီချင်းတွေကို သီဆိုပြီး အဆိုတော်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေအားပေးချစ်ခင်မှုကိုရရှိထားခဲ့ပါသေးတယ်။ လတ်တလောမှာလည်း မေမီကိုကိုက အနုပညာခြေလှမ်းသစ်တစ်ခုအနေနဲ့ “အနမ်းတစ်ပွင့်၏ ကျိန်စာ” ဆိုတဲ့ ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်လေးကို ထုတ်ဝေသွားတော့မှာပဲဖြစ်ပါတယ်။မေမီကတော့ သူ့ရဲ့စာအုပ်တွေကို ကြိုတင်မှာယူလိုတဲ့ မေမီရဲ့ ပရိသတ်တွေအတွက်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေငြာပေးသွားပါမယ်တဲ့။ CeleGabar ပရိသတ်ကြီးတွေထဲက မေမီ့ရဲ့ ပရိသတ်တွေအတွက် မေမီကိုကိုရဲ့ ပထမဆုံးစာအုပ်လေးကမကြာခင်မှာထွက်ရှိလာတော့မယ့် သတင်းကောင်းလေးကိုမျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
credit cele gabar