Celebrities

ဘွဲ့တံဆိပ်တွေပေးအပ်ခြင်းခံထားရဲ့ သူဋ္ဌေးကြီးက သူမရဲ့မိဘတွေဆီကနေသိန်းထောင်ချီလိမ်လည်သွား

ပရိသတ်ကြီးရေ အေးငြိမ်းဆွေကတော့ Miss Myanmar International( 2015 ) ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Miss တစ်ယောက် ပဲ ဖြစ်ပါတယ်။ လူကလည်း အပြစ်ပြောရက်စရာမရှိအောင်လှပတဲ့အပြင် စိတ်ထားလေးလည်းကောင်းမွန်လှတဲ့အေးငြိမ်းဆွေကတော့ အိမ်ထောင်ရေးမှာလည်း ပျိုမေတိုင်းအားကျရတဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူပါ။ ဒီနေ့မှာတော့ ” နိုင်ငံတော်ကပေးအပ်ထားတဲ့ ဘွဲ့တံဆိပ်တော်တွေဟာ လူအထင်ကြီးအောင်လုပ်ပြီးလိမ်ညာစားဖို့ မဟုတ်ပါဘူးရှင် သူဌေးဘွဲ့ရအောင် ကိုယ်လှူနေတဲ့ပိုက်ဆံတွေဟာ သူများရဲ့မသဒ္ဓါရေစာတွေ ချွေးနှဲစာတွေ မျက်ရည်တွေဆိုရင် ကိုယ့်အတွက် သံသရာမှာလည်း ဘာမှအကျိုးမရောက်ပါဘူး။သိန်းထောင်ချီဆုံးရှုံးနစ်နာရတော့မလိုဖြစ်နေတဲ့မိဘများအတွက် ရင်ထဲမှာအရမ်းကိုမကောင်း။ သူတို့ခမျာ သူတို့ချွေးနှဲစာလေးပြန်ရဖို့ကို ဒီအသက်အရွယ်တွေကျမှ ရှေ့နေနဲ့တွေ့ရ၊ တရားရုံးတက်ရတဲ့ဘဝ ရောက်ရဦးတော့မှာလား Condo ကြိုပွိုင့်၊ တိုက်ခန်းကြိုပွိုင့်၊ ဘာပွိုင့် ညာပွိုင့်တွေ ကျွန်မတို့အားလုံးကြောက်သွားပါပြီရှင်

သူဌေးမင်း ကိုယ်ရထားတဲ့ ဘွဲ့တံဆိပ်တော်တွေလည်း အားနာပါဦးရှင်ကျွန်မမိဘများ သူဌေးမင်းဆီက ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းလို့မရခဲ့တာ ဆယ်စုနှစ်တစ်စုနီးပါးရှိနေပါပြီ ”ဆိုတဲ့စာလေးနဲ့ထုတ်ပြောခဲ့တာပါ။ပရိသတ်တွေလည်း အေးငြိမ်းဆွေရဲ့မိဘတွေအမြန်ဆုံး ပြဿနာတွေပြေလည်သွားဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
#credit original poster