Celebrities

အားတဲ့ အချိန်မှာ ဂေဟာကသားသားမီမီးလေးတွေနဲ့ အချိန်ကုန်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ အခုနောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက ပရဟိတမင်းသမီးကြီးလို့တောင် တင်စားခေါ်ဝေါ်နေကြပါသေးတယ်။ လိုအပ်တဲ့နေရာတွေမှာ လှူတန်းတဲ့ ပရဟိတအလုပ်အပြင်မိဘမဲ့ ခိုးကိုးရာမဲ့ ကလေးသူငယ်တွေကို ခေါ်ယူမွေးစားကျွေးမွေးစောင့်ရှောက်နေတဲ့ ခိုင်မိသားစု ကလေးများ ဂေဟာကိုလည်း တည်ထောင်ထားပြီး လူမမယ်ကလေးသူငယ်တွေကို စောင့်ရှောက်မှုတွေပေးနေခဲ့ပါသေးတယ်။ ခိုင်နှင်းဝေကတော့ ဂေဟာက ကလေးတွေကို ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားသမီးအရင်းပမာထားကာ စောင့်ရှောက်မှုတွေပေးအပ်နေခဲ့တာပါ။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက အလုပ်တွေအားနေချိန်မှာ အေးဆေးနားမနေဘဲ ဂေဟာက ကလေးတွေအတွက ်အချိန်ပေးခဲ့ပါတယ်။

ခိုင်နှင်းဝေက သူအားတဲ့ အချိန်တိုင်း ဂေဟာကိုသွားရောက်ပြီး ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားထိန်းပြီး အချိန်ကုန်လေ့ရှိပါတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ဂေဟာက ကလေးတွေအပေါ်မှာ သားသမီးအရင်းတွေလို သဘောထားပြီး အားတဲ့ အချိန်တွေမှာ ကိုယ်တိုင်ဂေဟာကို သွားရောက်ကလေးထိန်းတဲ့ ပရဟိတစိတ်ဓာတ်လေးကတော့ မွန်မြတ်လွန်းလှပါတယ်နော်။
#CREDIT