Celebrities

မမဆောင်းဆီက ခွင့်ပြုချက်တောင်းပြီး ပရိသတ်တွေအတွက် ဟာသ Tik Tok လေးမျှဝေခဲ့တဲ့ ကိုပေါက်

ကိုပေါက်ကတော့ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားကာ Home Stay ကာလစတင်ကတည်းက ပရိသတ်တွေဘဝအမောပြေစေဖို့ ဟာသ Tik Tok တွေရိုက်ကူးကာ မျှဝေပေးနေသူပါ။ ကိုပေါက်ရဲ့ Tik Tok တွေကိုတော့ အားပေးသူ သန်းချီရှိနေပြီး ဒီနေ့မှာလည်း လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းရဲ့အင်တာဗျူးတွေနဲ့ ပတ်သက်ပြီး ဟာသ Tik Tok လေးရိုက်ကူးခဲ့ပါတယ်။

ကိုပေါက်ကတော့ ဒီ Tik Tok ဗွီဒီယိုလေးကို ” မမဆောင်းရဲ့အချစ်နဲ့ဘဝ ကိုအားကျပြီးတော့ စိတ်ကူးယဉ်ပြီး ပြောကြည့်လိုက်မိတယ်။ မမဆောင်းရဲ့ အင်တာဗျူးတွေက တသိမ့်သိမ့်တုန်ဆင်းကို မှင်သက်သွားစေပါတဲ့ ကျမရဲ့မတ်မတ်ဆောင်း” လို့ရေးသာကာ မျှဝေခဲ့ပြီး ပရိသတ်အချို့ကတော့ ဝေဖန်ခဲ့ကြပါတယ်။ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကိုပေါက်ကတော့ ဒီ Tik Tok လေးကို သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းထံမှာ ဖုန်းဆက်ခွင့်တောင်းပြီးမှ လူမှုကွန်ရက်မှာ မျှဝေခဲ့တာဖြစ်ပြီး ” ကျွန်တော်တို့ အနုပညာ ညီအစ်ကိုမောင်နှမတွေက စ ရယ် နောက် ရယ် နဲ့ ဒီလိုပဲနေကြတယ်ဆိုတာ လေးသတိရစေချင်ပါတယ်။ တချို့အရာတွေက အဝေးကြီးမတွေးပါနဲ့။ လောကကြီးထဲမှာ စိတ်ညစ်စရာတွေ မနှစ်မြို့စရာတွေ အများကြီးပါ။ တချို့အရာတွေကို ဟာသ သဘောလေးနဲ့ပြောင်းပြီး ကြည့်ကြည့်ပါ စိတ်သက်သာရာရပါတယ်။အားလုံးရဲ့စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာရှိကြပါစေနော်” ဆိုပြီးတော့လည်း မှတ်ချက်ပေးရေးသားခဲ့ပါသေးတယ်။

မမဆောင်းကိုယ်တိုင်ကလည်း ကိုပေါက်ရဲ့ Tik Tok Fan တစ်ယောက်ဖြစ်တာမို့ ဆရာ Tik Tok ဆော့ပေးတော့ ကောင်းတာပေါ့ဆိုပြီး ကိုယ်တိုင်ခွင့်ပြုထားတဲ့ ကိုပေါက်ရဲ့ မမဆောင်းအင်တာဗျူးတွေကို အားကျပြီး ဟာသဖောက်ထားတဲ့ Tik Tok လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

#credit