Knowledge

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးထဲကဖြစ်တဲ့ ပင်းတယ လှိုဏ်ဂူ၏ အံ့ဖွယ် ထူးခြားချက်မျ

ပင်းတယလှိုဏ်ဂူ ၏ ထူးခြားချက်များ

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး (၁၀)နေရာထဲက တစ်ခုအပါဝင်ဖြစ်သည့် ပင်းတယဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်များတွင်ထင်ရှားဖော်ပြခဲ့သည့် ပင်းတယဂူသည်ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့တွင်တည်ရှိသည်။ပင်းတယဂူသည် ထုံးကျောက်တောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင် လွန်ခဲ့သော နှစ် သန်း ၂၀၀ တည်းက ရှိခဲ့သည်ဟု ဆိုသည်။မင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ဝင်ရောက်နိုင်တယ်လို့ဆိုသည်။ဂူဟာ ပေ ၄၉၀ ထိ ဝင်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။ဂူရဲ့ အဝင်ဝ မှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီးအဲဒီ စေတီတော်ဟာမူလကအသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တယ်။(၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ် လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းအဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း ၁၇၇၃ ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။

အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာ ယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များ ပြားလာခြင်းဖြစ်တယ် လို့ဆိုတယ်။တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄) က လှူဒါန်း မူဖြစ်ကြောင်း ရေးထိုးထားတယ်။ပင်းတယ ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက်တွေ့ ရှိရခြင်းဖြစ်သတဲ့။ဒီ လို ဆင်းတုတော် မျိုးကို ပင်းတယ ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။ဒီ ဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို့ ပင်းတယဂူ ဟာ (၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ် လို့ မှန်းဆပါတယ်။၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရ ပြီး အရေးပါတဲ့ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။

သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။ပင်းတယ ရွှေဥမင် လိုဏ်ဂူ အတွင်းရှိ ယခင်က ကျောက်စည်၊ ကျောက်မောင်းများပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူအတွင်း ရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့် လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြု တော့ခဲ့ကြောင်း သိရသည်။ပင်းတယ ဘုရားလိုဏ် ကို နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာ ကြတဲ့အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့် နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖို့အထိ သတိပေး လာပါတယ်။ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု … ” ဟု သိရှိရသည်။ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်း သုတေသန ၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်း သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင် စေတီ နှင့် ဂူသမိုင်း မှ သိရသည်။

Credit -org uploader