Knowledge

ထိုင်းနိုင်ငံကတောင် ကိုးကွယ်တဲ့ သက်တော် ၁၁၆ နှစ်ရှိ နောင်တခိုဆရာတော်ကြီး

ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့အတွက် ဖူးမြော်နိုင်ဖို့ အင်မတန်မှ ဖူးရခဲတဲ့ သက်တော် ၁၁၆ နှစ်ရှိ ဆရာတော်ကြီးရဲ့ဓာတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်သီလ သမာဓိ ပညာနှင့်ပြည့်စုံပြီးအနာရောဂါ မရှိ ပကတိကျန်းမာရေးနှင့်ပြည့်စုံနေသော သက်တော် ၁၁၆ နှစ်ရှိသက်တော်ရှည်ဆရာတော်ဘုရား။ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့နယ် နောင်တခိုအုပ်စု နောင်တခိုကျေးရွာရွာဦးကျောင်းဆရာတော်ဘုရားကြီးပါ။

၁၉၈၀ခုနှစ်ကာလတွင် နောင်တခို။နောင်တမန်။ဝက်ဒုံကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် တစ်ပါးတည်း တလှည့်စီကျောင်းထိုင်ခဲ့ရပါသည်။ယခု၂၀၂၀ ခုနှစ်တွင် သက်တော် ၁၁၆ နှစ်ပြည့်သွားပြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးအားထိုင်းနိုင်ငံမှ တရားဝင်အသိအမှတ်ပြု ယုံကြည်ကိုးကွယ်ထားပါသည်။

ယခုအချိန်အထိ မျက်လုံးတော်အမြင်အားကောင်းခြင်း။အကြားအာရုံကောင်းမွန်ခြင်း။သတိအာရုံချွတ်ချော်မှုမရှိခြင်း။လူတွဲမလိုဘဲ ကိုယ်တိုင် လမ်းလျှောက်သွားလာနိုင်ခြင်းတို့ကို ကြည့်ခြင်းအားဖြင့်ဆရာတော်ကြီး၏ စရဏတရားကိုခန့်မှန်းနိုင်ပါလိမ့်မည်ထိုင်းဒါယကာများဆောက်လုပ်လှူဒါန်းထားသော ကျောင်းတွင်မနေဘဲ ၁၀ ပေပတ်လည် ဖက်မိုးသစ်ကျောင်းလေးမှာပင်အေးချမ်းစွာ တရားအား ထုတ်သီတင်းသုံးနေသော သက်တော်ရှည်ဆရာတော်ဘုရားကြီးအားအများသူငှာဖူးမြော်နိုင်ရန်ရေးသားတင်ပြအပ်ပါသည်။
#credit cele gabar