Knowledge

အဖွားဖြစ်နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ လက်တွေ့သက်သာပျောက်ကင်းတဲ့ ဆေးနည်းလေး ဝေမျှပေလိုက်ပါတယ်။

ဆေးနည်းလေးမျှဝေပေးမယ်နော်။

ကိုယ်တိုင်ဖြစ်မှဘယ်လောက်ခံရခက်တဲ့ရောဂါလဲဆိုတာ သိရတယ်။ ကိုယ့်လိုရောဂါတူ မိတ်ဆွေတွေကိုလည်းကိုယ်ခြင်းစာမိတယ်။

ဒါ့ကြောင့်ကုသိုလ်ယူတဲ့အနေနဲ့ဆေး နည်းလေးမျှဝေပါတယ်ရှင်။ ဆေးနည်းမညွန်းမှီ ရောဂါအခြေနေခန့်မှန်းလို့ရအောင် အရင်ပြောပြမယ်နော်။ လွန်ခဲ့တဲ့ ရက် ၂၀ က အသက်ရှုမဝဘူး။

၃ ရက်မြောက်နေ့ပိုဆိုးလာတယ်။ ဒါနဲ့အခြေနေမကောင်းလို့ ဆေးရုံသွားရတော့တယ်။

အာရှတော်ဝင်ဆေးရုံနဲ့ ဖွားအိမ်နဲ့က လမ်းလျောက်သွားရင် ၅မိနစ်ဘဲ။အမြန်လိုလို့ ကားနဲ့သွားတာ ၁၅ မိနစ်ကြာတယ်။ ကားပိတ်တာလေ။ ကားပေါ်မှာတင် အသက်ရှုကျပ်ပြီး ပြာနမ်းသွားတယ်။ Emergency ရောက်။ လိုအပ်တာစစ်ပြီး နှလုံးအထူးကုဆရာဝန်ကြီးပါမောက္ခဦး—- နဲ့ကုသမှု့ခံယူတယ်။

ဖွားက နှလုံးသွေးကြော ၂ချောင်းကျဉ်းနေတာ။ နှလုံးခုန်နှုန်းကလဲ ၅၀အောက်သာထိုးကျချင်နေတယ်။ ကုသမှု့ ၅ရက်ထိအခြေနေကတိုးတက်မလာဘဲ ပါးစပ်ဟပြီးလေရှုနေရတယ်။

ဆရာဝန်ကြီးကစိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးတဲ့ လူကအမောဖောက်နေပြီ ပါးစပ်ဟပြီးရှုတဲ့ရက်ကများလာတော့ ရင်ဘက်တွေပါနာ စကားပြောလဲမော အသက်ရှုလဲမော ဘာမှကိုမလုပ်နိုင်တော့တာ။ သေမှာလဲကြောက်တယ်။

ဒါနဲ့ အင်တာနက်ထဲဆေးနည်းတွေရှာကြည့်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါလို့ရိုက်ထည့်ပြီးရှာလိုက်တာဆေးနည်းတွေအများကြီးဘဲတွေ့တယ်။ဆေးနည်းအများကြီးထဲကမှ တစ်ခုကိုရွေးလိုက်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကြွက်နားရွက်မှိုခြောက် လက်တစ်ဆုတ် တရုတ်ဆီးသီးခြောက် ၅လုံး ဂျင်းလက်တဆစ် ဆားအနည်းငယ်ရေဖန်ခွက်နဲ့ ၃ခွက် ၁ ခွက်တင်ကျို မနက်တစ်ခါသောက် ညနေတစ်ခါ ထပ်ပြုတ်ပြီး ညတခါသောက်ပြုတ်ရည် ၂ခါယူပါတယ်။

အဖတ်ကိုတော့စားနိုင်ရင်စား ဖွားတော့မစားနိုင်လို့အရည်ဘဲသောက်တယ်။ ၁၅ ရက်သောက်ပေးရပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ယူပြစ်သလို သက်သာပျောက်ကင်းစေတာ ကိုယ်တွေ့ပါနော်။ ခုမမောတော့ဘူး။ အသက်ရှုလဲဝဝလင်လင်ဘဲ။နှလုံးခုန်နှုန်းတောင် ရဝကျော်ထိတက်လာတယ်။ ပုံမှန်နီးပါးနေလို့ကောင်းပါပြီ။ ငွေမကုန် လူမပန်းဘဲ လက်တွေ့သက်သာပျောက်ကင်းတဲ့ ဆေးနည်းလေး မို့မျှဝေလိုက်ပါတယ်။ ရောဂါတူမိတ်ဆွေများ သက်သာပျောက်ကင်းကြပါစေ။

Unicode ဖြင့်ဖတ်ပါ

ဆေးနည်းလေးမျှဝေပေးမယ်နော်။

ကိုယ်တိုင်ဖြစ်မှဘယ်လောက်ခံရခက်တဲ့ရောဂါလဲဆိုတာ သိရတယ်။ ကိုယ့်လိုရောဂါတူ မိတ်ဆွေတွေကိုလည်းကိုယ်ခြင်းစာမိတယ်။

ဒါ့ကြောင့်ကုသိုလ်ယူတဲ့အနေနဲ့ဆေး နည်းလေးမျှဝေပါတယ်ရှင်။ ဆေးနည်းမညွန်းမှီ ရောဂါအခြေနေခန့်မှန်းလို့ရအောင် အရင်ပြောပြမယ်နော်။ လွန်ခဲ့တဲ့ ရက် ၂၀ က အသက်ရှုမဝဘူး။

၃ ရက်မြောက်နေ့ပိုဆိုးလာတယ်။ ဒါနဲ့အခြေနေမကောင်းလို့ ဆေးရုံသွားရတော့တယ်။

အာရှတော်ဝင်ဆေးရုံနဲ့ ဖွားအိမ်နဲ့က လမ်းလျောက်သွားရင် ၅မိနစ်ဘဲ။အမြန်လိုလို့ ကားနဲ့သွားတာ ၁၅ မိနစ်ကြာတယ်။ ကားပိတ်တာလေ။ ကားပေါ်မှာတင် အသက်ရှုကျပ်ပြီး ပြာနမ်းသွားတယ်။ Emergency ရောက်။ လိုအပ်တာစစ်ပြီး နှလုံးအထူးကုဆရာဝန်ကြီးပါမောက္ခဦး—- နဲ့ကုသမှု့ခံယူတယ်။

ဖွားက နှလုံးသွေးကြော ၂ချောင်းကျဉ်းနေတာ။ နှလုံးခုန်နှုန်းကလဲ ၅၀အောက်သာထိုးကျချင်နေတယ်။ ကုသမှု့ ၅ရက်ထိအခြေနေကတိုးတက်မလာဘဲ ပါးစပ်ဟပြီးလေရှုနေရတယ်။

ဆရာဝန်ကြီးကစိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးတဲ့ လူကအမောဖောက်နေပြီ ပါးစပ်ဟပြီးရှုတဲ့ရက်ကများလာတော့ ရင်ဘက်တွေပါနာ စကားပြောလဲမော အသက်ရှုလဲမော ဘာမှကိုမလုပ်နိုင်တော့တာ။ သေမှာလဲကြောက်တယ်။

ဒါနဲ့ အင်တာနက်ထဲဆေးနည်းတွေရှာကြည့်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါလို့ရိုက်ထည့်ပြီးရှာလိုက်တာဆေးနည်းတွေအများကြီးဘဲတွေ့တယ်။ဆေးနည်းအများကြီးထဲကမှ တစ်ခုကိုရွေးလိုက်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကြွက်နားရွက်မှိုခြောက် လက်တစ်ဆုတ် တရုတ်ဆီးသီးခြောက် ၅လုံး ဂျင်းလက်တဆစ် ဆားအနည်းငယ်ရေဖန်ခွက်နဲ့ ၃ခွက် ၁ ခွက်တင်ကျို မနက်တစ်ခါသောက် ညနေတစ်ခါ ထပ်ပြုတ်ပြီး ညတခါသောက်ပြုတ်ရည် ၂ခါယူပါတယ်။

အဖတ်ကိုတော့စားနိုင်ရင်စား ဖွားတော့မစားနိုင်လို့အရည်ဘဲသောက်တယ်။ ၁၅ ရက်သောက်ပေးရပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ယူပြစ်သလို သက်သာပျောက်ကင်းစေတာ ကိုယ်တွေ့ပါနော်။ ခုမမောတော့ဘူး။ အသက်ရှုလဲဝဝလင်လင်ဘဲ။

နှလုံးခုန်နှုန်းတောင် ရဝကျော်ထိတက်လာတယ်။ ပုံမှန်နီးပါးနေလို့ကောင်းပါပြီ။ ငွေမကုန် လူမပန်းဘဲ လက်တွေ့သက်သာပျောက်ကင်းတဲ့ ဆေးနည်းလေး မို့မျှဝေလိုက်ပါတယ်။ ရောဂါတူမိတ်ဆွေများ သက်သာပျောက်ကင်းကြပါစေ။

#credit org