Knowledge

(၃)လပဲ ခံတော့မယ်ဆိုတာ သိခဲ့ပေမယ့် ကင်ဆာဆဲလ်လုံးဝ ပျောက်ကင်းခဲ့တဲ့ အသည်းကင်ဆာရှင် ဦးစိုးသန်းရဲ့ ဆေးနည်

မုံရွာမြို့နေ ဦးစိုးသန်းသည် အသက် ၄၆ နှစ်အရွယ် ၂၀၁၆ နိုဝင်ဘာလတွင် အသည်းကင်ဆာ ဝေဒနာကို စတင်ခံစ
ားခဲ့ရရာ ဆရာဝန်များက သုံးလသာ ခံတော့မည်ဟု ခန့်မှန်းခဲ့သော်လည်း ငါးလအတွင်း ကင်ဆာဆဲလ် လုံးဝမတွေ့တော့ဘဲ သက်သာခဲ့သဖြင့် သူ၏ ဆေးကုသမှု အတွေ့အကြုံ များကို အခြားကင်ဆာဝေဒနာရှင်များ သိရှိသဘောပေါက်နားလည် စေရန် အနီးကပ်ပြုစုစောင့်ရှောက်ပေးသူ ဦးစိုးသန်း၏ ဇနီးမမိုးမြင့်အား မေးမြန်းဖြစ်ခဲ့ပါသည်။ ”အစကတော့ အမျိုးသားက ချိုင်းနံရိုးအောက် ကအောင့်တယ်၊ အောင့်တယ်နဲ့ပြောပါတယ်။ ကျွန်မတို့ကလည်း သတိမမူမိခဲ့ကြပါဘူး။ ရိုးရိုး လေထိုး လေအောင့်လောက်ပဲ ထင်ထားခဲ့ကြလို့ ဆေးမြီးတိုတွေနဲ့ ကုသခဲ့ကြပါတယ်။ နှစ်လလောက်ကြာတဲ့အခါမှာ အမျိုးသားက ညဘက်တွေပါအိပ်မရအောင်အောင့်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ညတွင်းချင်း မန္တလေးကိုဆင်းခဲ့ ကြပါတယ်။ မန္တလေးရောက်တော့ မြို့တော် ဆေးရုံ မှာMRI ရိုက်ကြည့်ခဲ့ပါ တယ်။ ရက်စွဲက ၂၇ ရက် ၁၁လ ၂၀၁၆ ပါရှင့်။ အဖြေထွက်လာတဲ့အခါမှာ ကျွန်မအမျိုးသားရဲ့ ရောဂါဟာ အသည်းကင်ဆာလို ပုံစံမျိုးနဲ့ အသည်း တစ်ခြမ်းလောက် အနာတွေဖြစ်နေခဲ့ပါတယ်။ကင်ဆာဆဲလ်ကလည်း ၁၅၇၀၀ ကျော်ပါရှင့်။ ဆရာဝန်ကတော့ သုံးလပဲခံမယ်လို့ ကျွန်မကို ပြောပြခဲ့ပြီး ချက်ချင်းဆေးရုံတက်ခိုင်းပါတယ်။ ဆေးရုံတက်ဖို့ဆေး လက်မှတ်တွေကအစ ထုတ်ပေးခဲ့ပါတယ်။ကျွန်မတို့လည်း အစကတော့ တွေဝေနေခဲ့ ကြပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး။နောက်ရက်မှာ ကျွန်မတို့ ဆွေမျိုးနီးစပ်အသိမိတ်ဆွေတစ်ယောက်ရဲ့ လမ်းညွှန်ချက်အရ ဘန်ကောက်ကို သွားခဲ့ပါတယ်”ဟုမမိုးမြင့်က ဦးစိုးသန်း ၏ အသည်းကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။ ၁-၁၂-၂၀၁၆ ရက်နေ့တွင် ဘန်ကောက်၊ Bumrungard ဆေးရုံ၌ ပထမဆုံးရက်ချိန်းနဲ့ပြခဲ့ရာ အဖြေမှာမန္တလေးတွင် စစ်ဆေးခဲ့သည့် အဖြေအ တိုင်းပင်ထွက်ကြောင်း၊ ဘီပိုးကြောင့် အသည်းတစ် ခြမ်းအနာဖြစ်ပြီး ကင်ဆာဖြစ်နေသဖြင့် ဆရာဝန်က ကုသနိုင်မည့် နည်းလမ်းများကို ရှင်းပြခဲ့ကြောင်း သိရသည်။ ”အသည်းအစားထိုးနည်း၊ ဆေးဖြန်းနည်း၊ မီး ရှို့ကုနည်း စသဖြင့် အမျိုးမျိုးရှိပေမယ့် အသည်းကင်ဆာရှိတဲ့အပိုင်းကို ခွဲထုတ်ဖို့ဆိုလည်း အသည်းရဲ့ သုံးပုံနှစ်ပုံလောက်က အနာတွေနဲ့ဖြစ်နေပါပြီ။ ဆရာဝန်တွေကတော့ကျွန်မကို သုံးလ ကံကောင်းရင် တစ်နှစ်ပဲခံမယ်လို့ ပြောပြထားပါတယ်။ အမျိုးသားကတော့ မသိပါဘူး။ ကျွန်မတို့လည်း ဆရာဝန်နဲ့ အကောင်းဆုံးတိုင်ပင်ပြီး အဲဒီနေ့မှာပဲ အသည်းတစ်ခု လုံးကို ဆေးဖြန်းလိုက်ပါတယ်…။အဲဒါပြီးတော့ လိုအပ်တဲ့ ဆေးတွေပေးပြီး နှစ်လပြန်ချိန်းလိုက်ပါတယ်။ဆေးဖြန်းပြီးတော့ သူ ခံစားနေရတဲ့ နာတာ၊ အောင့်တာတွေက လုံးဝ ပျောက်သွားလို့ သူက ဝမ်းသာအားရ ဖြစ်နေခဲ့တယ်”ဟု မမိုးမြင့်က ဆိုသည်။မြန်မာပြည်ပြန်ရောက်သည့်အခါ ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများက ဆေးမြီးတိုများကိုညွှန်သော်လည်း ဦးစိုးသန်းသည် ဆရာဝန်ပေးလိုက်သော ဆေးဝါးများကို မှီဝဲပြီး မနက်ပိုင်းတွင် ကညွတ် ဖျော်ရည်သောက်ခြင်း၊နေ့လယ်ထမင်းစားပြီး မုန်လာဥအနီ (ခါကြက်ဥအနီ)နှင့် ပန်းသီးစိမ်းရောကြိတ်၍သောက်ခြင်း၊ ညနေစာစားပြီးချိန်တွင် သင်္ဘောရွက်အဖိုကို အရည်ကြိတ်သောက်ခြင်း တို့ကိုသာ ပုံမှန်မှီဝဲခဲ့ကြောင်း သိရသည်။”ဆေးရုံက ပေးတဲ့ဆေးတွေကိုလည်း ပုံမှန် စားပါတယ်။ ပြီးတော့ မနက်ဘုရားမရှိခိုးခင် ကညွတ် အစိမ်းလိုက် အရည်ထွက်အောင် ကြိတ်စက်နဲ့ကြိတ်ပြီး အရည်သောက်တယ်။မုံရွာက ထွက်တဲ့ ကညွတ် ကျတော့သေးတဲ့အတွက် များများထည့်ရတယ်။မြို့ကြီးတွေမှာရှိတဲ့ ကညွတ်ကျတော့ ကြီးတယ်။ ၁၀ ချောင်း – ၁၅ချောင်းလောက်ကို ရေနဲ့စင်အောင်ဆေး တယ်။ ပြီးရင် အဖျားကို ကြိတ်တယ်။ အရင်းက အ မာလေးကို ကြိတ်ရင် ရေစစ်သန့်သန့်လေးနဲ့စစ် ထုတ်လိုက်ပါတယ်။ ရလာတဲ့ မတ်ခွက်တစ်ခွက်ကို ဘုရားကို အရင်လှူပြီးမှ၊ ဘုရားဝတ်ပြုပြီးမှ သောက်ပါတယ်။နေ့လယ်ထမင်းစားပြီးချိန်မှာကျတော့ မုန်လာဥနီ(ခါကြက်ဥအနီ)နဲ့ ပန်းသီးစိမ်းကိုရောကြိတ်ပြီး ရလာတဲ့အရည်ကို တိုက်ပါတယ်။ မုန်လာဥနီကိုငယ် ရင် နှစ်ဥ၊ ကြီးရင် တစ်ဥထည့်ပြီးပန်းသီးစိမ်းတစ် လုံးနဲ့ ရောကြိတ်လိုက်ပါတယ်။ တစ်ခါတလေ အာ လူးအငယ်စား တစ်လုံးလောက် ထည့်တိုက်ပါတယ်။ တစ်ခါတလေ မလွယ်ရင် မုန်လာဥနီကိုပဲ ကြိတ်ပြီး၊ သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး တိုက်လိုက်တယ်။ညနေစာစားပြီး ၅ နာရီလောက်မှာလည်း အသီး မသီးတဲ့ သင်္ဘောပင် သင်္ဘောရွက်အဖိုတစ်ရွက်ကို ရေပြောင်အောင်ဆေးပြီး ကတ်ကြေးနဲ့ ညှပ်တယ်။ ပြီးရင် အရည်ကြိတ်ပြီး တိုက်ပါတယ်။ဒါတွေကို အနေတော် ရိုးရိုးဖန်ခွက်နဲ့ တစ်ခွက်စာလောက် နေ့စဉ်အချိန်နဲ့ သောက်ခိုင်းပါတယ် ရှင့်”ဟု မမိုးမြင့်က သူ၏လက်တွေ့ပြုစုတိုက်ကျွေးနည်းကိုပြောပြခဲ့သည်။ ၆-၂-၂၀၁၇ ရက်နေ့တွင် ဦးစိုးသန်းသည် ဒုတိယအကြိမ် Bumrungarad ဆေးရုံသို့ သွားပြခဲ့ရာ ကင်ဆာဆဲလ်မှာ ၃၀၀၀ ကျော်ပဲကျန်တော့ ကြောင်း၊ ကင်ဆာဆဲလ် ၈၀ ရာခိုင်နှုန်းခန့် လျော့ သွားသဖြင့် ဆရာဝန်တောင်မှ အံသြသွားခဲ့ကြောင်း သိရသည်။ ဘန်ကောက်သို့ သွားရာတွင် ပုံမှန်တိုက်ကျွေး နေကျအသီးအနှံများ၊ သင်္ဘောရွက်၊ ကြိတ်စက် စသည့်လိုအပ်သော ပစ္စည်းများကို မမိုးမြင့်က သယ်ဆောင်သွားပြီ အချိန်မှန် မပြတ် တိုက်ကျွေးကြောင်း မမိုးမြင့်က ပြောပြခဲ့သည်။တတိအကြိမ် ၁၇-၄- ၂၀၁၇ ရက်ချိန်းအ တိုင်းဆေးသွားစစ်ရာ ကင်ဆာဆဲလ် လုံးဝ မရှိတော့ ကြောင်း မမိုးမြင့်က ဆိုသည်။ ”ဒါပေမဲ့ Bumrungard ဆေးရုံကတော့ အစာအိမ် သွေးကြောလေးတွေ ဖောင်းတာ ဘာညာ ဖြစ်တတ်တဲ့အတွက် နောက်သုံးလမှာ လာပြဦးလို့ မှာထားပါတယ်။ အခုလည်း ဆေးတွေကို ဆက်တိုက်နေဆဲပါပဲ”ဟု မမိုးမြင့်က ဆိုသည်။ ယခုအခါ သားသမီးနှစ်ဦးရှိသော ဦးစိုးသန်းသည် ဇနီးသည်နှင့်အတူ ကျန်းကျန်းမာမာဖြင့်ပင် ကုန်သည်အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ”ဆရာဝန်က သုံးလပဲ ခံမယ်လို့ ပြောပေမယ့် ဒါကို အမျိုးသားကို မသိစေခဲ့ဘူး။ ကျွန်မတစ်ယောက်တည်းပဲ ကျိတ်ပြီး စိတ်ပူပင်ခဲ့ရတာ စိတ်ပင်ပန်းရတယ်လေ . . ကျန်းမာရေးအတွက် ကျွန်မလို စိတ်မပူပင်စေချင်ဘူး။ ဒါကြောင့် တခြားနီးစပ်ရာတွေကိုလည်း ဘယ်လိုတိုက်၊ ဘယ်လိုပြုစုဆိုပြီး သေချာ မျှဝေပေးပါတယ်။ အခုဆိုရင် မိသားစု အပေါင်းအသင်း၊ဆွေမျိုးသားချင်းတွေရဲ့ နွေးထွေးဂရုစိုက်မှုနဲ့ အတူကျန်းကျန်းမာမာနဲ့ ဘဝကို ရှေ့ဆက်နိုင်ခဲ့ပါ ပြီ”ဟု မမိုးမြင့်က ပြောပြခဲ့ပါသည်။ မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးစိုးသန်းနှင့် မမိုး မြင့်၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီ တာ (Healthy Life ဂျာနယ် အမှတ်(၇၉) တွင် ပါရှိသည့် ကျန်းမာရေး ဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည်ဖော်ပြလိုက်ရပါသည်။)
#credit