Astrology

၇ ရက် သားသမီးများ အတွက် အချစ် ဗေဒင်…!

တနဂၤႏြေ သားသမီး
အရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့အတွေးကတော့အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့ကုန်သွားတဲ့ အရာမှ မဟုတ်တာနော် .လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။အခြေအနေပေးရင်တစ်ယောက်ထက်ပိုရတတ်ယူတတ်ပါတယ်။သူများအထင်ကြီးလေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ ကိုအထင်ကြီးလေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။ချစ်သူအတွက် မိသားစု ကိုတောင်စွန့်လွှတ် အဆက်သွယ်ဖြတ် ရဲတာ တနင်္ဂနွသေမီးတွေပါပဲ ။တနင်္ဂနွေ သမီးများကျတော့ အစွဲ အလန်းကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။တနင်္ဂနွသေားများကတော့ အရမ်းဂရုစိုက်တဲ့ စတိုင်တွေပြတတ်တယ် ။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်းဆိုတာ တနင်္ဂနွေ သားတွေပဲ
တနလၤာ သားသမီး
အချစ်အတွက်ပေးဆပ်ရဲတယ်။ တကယ်ချစ်လာရင်ဘာမှ မမြင်အားလုံးကို စွန့်လွတ်ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စတ်ဆပ်တတ်ပါတယ်။စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ် ။တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာပြင်ထားတော့ ။
အဂၤါ သားသမီး
စိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မ စ ဘူး ။ သူကို စ လာရင်ပါသွားတတ်ပါတယ်။အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင် ဆောင်ပြီး ဖုန်း မဆက်ပဲလုပ်နေတတ်ပါတယ်။စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစု ကိစ္စ တွေနဲ့ ပဲ အချိန်ကုန်နေတယ်။ သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ ။ သူနဲ့ကြိုက်မိရင်တော့ သူမိသာစု အပေါ် မပြစ်မပြောလေနဲ့ ပြောရင် ကွဲသွားတတ်တယ်။ သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာကြိုးစားတော့ ။
ဗုဒၵဟူးသားသမီး
အစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ မကြိုက်ခင်တော့မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီးဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆပ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီသူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများနေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံ ခြင်း တရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့ ။
ကြာသပတေး သားသမီး
အပြောကောင်းတယ်။ ချစ်သူအတွက် ကူညီဖို့ ဝန်မလေးဘူး ။ ဒါပေမဲ့ တစ်ယောက်ထက်ပိုပြီး ထားချင်တတ်တယ် ။ များသောအားဖြင့် အခွင့်ရေး ရရင် အကုန်ယူ အကုန်ပေး ချင်တတ်တယ် ။အချစ်အတွက် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျှောတတ်ကြတယ် ။ ဒါပေမဲ့ ပတ်ဝန်ကျင်စကားကြောင့် ကိုယ့်ချစ်သူကို ဖြတ်ပစ်ချင်တာ သူတို့ရဲ့ စရိုက်ပါ။ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ချစ်သူအပေါ်အပြောကတော့ ကောင်းပေမဲ့တကယ်လက်တွေ့မှာဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်တတ်ကြပါဘူး။သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတတ်တာ ကြာသပတေးသားသမီးတွေပါပဲ ဗျာ
သောကြာ သားသမီး
အချစ်ရေးမှာ ကိုယ်က ပေးဆပ်သော်လည်း ပေးတိုင်းပြန်မရတတ်တာသောကြာ သားသမီးပါ။ကိုယ်က တကယ်ချစ်သောလည်း နုတ်ကြောင့်သေဆိုသလိုပဲ အပြောကြောင့် ဒုက္ခ ဖြစ်ဖြစ်နေတတ်တာသူတို့ ကံပေါ့ ။ တကယ်ဖြစ်ချင်နေတာ က တစ်ခု တကယ်ပြော ထွက်သွားတာ က တစ်ခုဖြစ်နေတတ်ပါတယ် ။ အချစ်ရေးမှာ မေတ္တာ တရားကြီးတတ်ပြီး အစွဲ အလန်းလည်း ကြီးတတ်ပါတယ်။ ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။ သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောက်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုတတ်တာ သူတို့ ရဲ့ ကံပါပဲ ။ များသောအားဖြင့် သောကြာအများစုဟာ ရည်းစားဦး နဲ့လွဲ လွဲ သွားတတ်ကြပါတယ်။သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါဆိုရင်တော့ သတိထာ;
စေန သားသမီး
အချစ်ကြီးတယ်။ သံယောဇဉ်ကြီး တယ်။ ချစ်သူ ဖေါက်ပြန်ရင်တောင် ခွင့်လွတ်နိုင်တတ်တယ် ။ အပြောကောင်းတယ်။ သဘောကောင်းတယ်။သဝန်တိတတ်တယ်။ သူများ ထက်ပိုပြီး သဝန်တို တတ်တယ် ။ ကိုယ်ကတော့ မစဘူး ။ ကိုယ့်ကို စ လာရင် ပါပါ သွားတတ်ပါတယ်။ လက်သာ ရင် လိုက်တဲ့ကလေး လိုပဲ ။ပိုဂရုစိုက်တဲ့ သူနောက် ပါ ပါ သွားတတ်ကြတာ စနေသားသမီးပါပဲ ။စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်သမီးရည်းစားဖြစ်ပြီး ရင်ယူချင်စိတ်လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်းယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇာတ်မြောဖြစ်သွား တတ်ပါ တယ်။
#CREDIT