Knowledge

ဖြူဖြူထွေးနဲ့ ဂျက်မားတို့က ပေးတဲ့ ဘဝသင်ခန်းစာ..အရမ်းကောင်းလို့ ကျော်မသွားဘဲဖတ်ကြည့်ပါ

ဖြူဖြူထွေးဟာ ခုဆိုရင် အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ။ဂျက်မားကတော့ လူတိုင်းနီးပါးသိပြီးသား အလီဘာဘာရဲ့ မဟာသူဌေးကြီးပါ။ သူတို့ နှစ်ယောက် ဘယ်လိုဆက်စပ်လဲဆိုတော့ ဘယ်လိုမှ မဆက်စပ်ပါဘူး။ ဒါပေမဲ့ ဘဝသင်ခန်းစာတစ်ခုကတော့ သွားတူနေပါတယ်ဟိုတစ်နေ့က ညီမငယ်လေး ဖြူဖြူထွေးရဲ့ အင်တာဗျူး အတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ဒီလို အင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့။ ဘာလို့ အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့ မေ့ခဲ့တယ်ထင်ပါရဲ့။ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ ပျော်နိုင်မယ် မထင်ပါဘူး။ ဝမ်းနည်းရမှာပါ။ အသုံးမကျတဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေ ရှိကောင်းရှိခဲ့မှာပါ။ဂျက်မာလည်း ဒီလိုပါပဲ။ KFC ကြက်ကြော်ဆိုင်မှာ အလုပ်လုပ်ဖို့ အလုပ်လာလျှောက်တဲ့ လူ ၂၄ ယောက်ထဲမှာ ကြက်ကြော်ဆိုင်က ၂၃ ယောက်ကို ရွေးချယ်အလုပ်ခန့်ခဲ့ပါသတဲ့။ တစ်ယောက်ပဲ အလုပ်မရတာပါ။ အလုပ်မရတဲ့ တစ်ယောက်ကတော့ ဇာတ်လိုက်ကြီး ဂျက်မာပါပဲ။ အဲဒီအချိန်မှာ သူဘယ်လို ခံစားရမလဲ တွေးသာကြည့်ပါတော့ ခင်ဗျာ။ခုချိန်မှာတော့ ဖြူဖြူထွေးက သတင်းထောက် မလုပ်ရလည်း ကိစ္စမရှိတော့ပါဘူး။ သတင်းထောက်တွေ သူ့နောက် တကောက်ကောက် လိုက်နေကြရပြီ။ဂျက်မားကရော။ ဟုတ်ကဲ့ သူဝယ်ချင်ရင် တစ်ကမ္ဘာလုံးက KFC ကွန်ရက်ကြီးတစ်ခုလုံးကို ဝယ်ပစ်လိုက်ဖို့ လိုအပ်တဲ့ငွေထက် ၈ ဆကျော်လောက်ကို ချမ်းသာနေပါပြီ။ လက်ရှိမှာ တရုတ်ပြည်ရဲ့ KFC ကုမ္ပဏီ တစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။သင်ခန်းစာတွေကတော့ ယူတတ်ရင် အများကြီးပါ။ လူတိုင်း ရှုံးနိမ့်မှုနဲ့ မကင်းကြပါဘူး။ ရှုံးနိမ့်မှုနဲ့ ကြုံတဲ့အခါ ဘဝကြီးတစ်ခုလုံးကို လက်လျှော့အရှုံးပေးလိုက်တာမျိုး မဖြစ်သင့်ပါဘူး။ ရှေ့ဆက်ပြီး ကြိုးစားဖို့ အခွင့်အလမ်းတွေအများကြီး ထပ်တွေ့ဦးမှာပါ။ဘာကြောင့် အရှုံးနဲ့ ကြုံတွေ့ရလဲ သုံးသပ်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ရှုံးနိမ့်ခဲ့ရတာဆိုရင်လည်း နောက်ဆို ဒီလိုမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားရမှာပါ။ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး ကြိုးစားပါ။ ရှုံးနိမ့်မှုဆိုတာ ယာယီပါ။ ဆက်ကြိုးစားရင်း ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်နိုင်ပါတယ်။ အရေးကြီးတာက အားမလျှော့ပဲ ဆက်ကြိုးစားနေဖို့ပါပဲ။
Unicode
ဖြူဖြူထွေးဟာ ခုဆိုရင် အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေးတိုက်ကျေွးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ။ဂျက်မားကတော့ လူတိုင်းနီးပါးသိပြီးသား အလီဘာဘာရဲ့ မဟာသူဌေးကြီးပါ။ သူတို့ နှစ်ယောက် ဘယ်လိုဆက်စပ်လဲဆိုတော့ ဘယ္လိုမွ မဆက်စပ်ပါဘူး။ ဒါပေမဲ့ ဘဝသင်ခန်းစာတစ်ခုကတော့ သွားတူနေပါတယ်။ဟိုတစ်နေ့က ညီမငယ်လေး ဖြူဖြူထွေးရဲ့ အင်တာဗျူး အတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ဒီလို အင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့။ ဘာလို့ အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက္ခလုတ္ကို ဖွင့်ဖို့ မေ့ခဲ့တယ်ထင်ပါရဲ့။ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ ပျော်နိုင်မယ် မထင်ပါဘူး။ ဝမ်းနည်းရမှာပါ။ အသုံးမက်တဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေ ရှိကောင်းရှိခဲ့မှာပါ။ဂျက်မာလည်း ဒီလိုပါပဲ။ KFC ကြက်ကြော်ဆိုင်မှာ အလုပ်လုပ်ဖို့ အလုပ်လာလျှောက်တဲ့ လူ ၂၄ ယောက်ထဲမှာ ကြက်ကြော်ဆိုင်က ၂၃ ယောက်ကို ရွေးချယ်အလုပ်ခန့်ခဲ့ပါသတဲ့။ တစ်ယောက်ပဲ အလုပ္မရတာပါ။ အလုပ္မရတဲ့ တစ်ယောက်ကတော့ ဇာတ်လိုက်ကြီး ဂျက်မာပါပဲ။ အဲဒီအချိန်မှာ သူဘယ္လို ခံစားရမလဲ တွေးသာကြည့်ပါတော့ ခင်ဗျာ။ခုချိန်မှာတော့ ဖြူဖြူထွေးက သတင်းထောက် မလုပ်ရလည်း ကိစ္စမရှိတော့ပါဘူး။ သတင်းထောက်တွေ သူ့နောက် တကောက်ကောက် လိုက်နေကြရပြီ။ဂျက်မားကရော။ ဟုတ်ကဲ့ သူဝယ်ချင်ရင် တစ်ကမ်ဘာလုံးက KFC ကွန်ရက်ကြီးတစ်ခုလုံးကို ဝယ်ပစ်လိုက်ဖို့ လိုအပ်တဲ့ငွေထက် ၈ ဆကျော်လောက်ကို ချမ်းသာနေပါပြီ။ လက်ရှိမှာ တရုတ်ပြည်ရဲ့ KFC ကုမ္ပဏီ တစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။သင်ခန်းစာတွေကတော့ ယူတတ်ရင် အများကြီးပါ။ လူတိုင်း ရှုံးနိမ့်မှုနဲ့ မကင်းကြပါဘူး။ ရှုံးနိမ့်မှုနဲ့ ကြုံတဲ့အခါ ဘဝကြီးတစ်ခုလုံးကို လက်လျှော့အရှုံးပေးလိုက်တာမျိုး မဖြစ်သင့်ပါဘူး။ ရှေ့ဆက်ပြီး ကြိုးစားဖို့ အခွင့်အလမ်းတွေအများကြီး ထပ်တွေ့ဦးမှာပါ။ဘာကြောင့် အရှုံးနဲ့ ကြုံတွေ့ရလဲ သုံးသပ်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ရှုံးနိမ့်ခဲ့ရတာဆိုရင်လည်း နောက်ဆို ဒီလိုမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားရမှာပါ။ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး ကြိုးစားပါ။ ရှုံးနိမ့်မှုဆိုတာ ယာယီပါ။ ဆက်ကြိုးစားရင်း ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်နိုင်ပါတယ်။ အရေးကြီးတာက အားမလျှော့ပဲ ဆက်ကြိုးစားနေဖို့ပါပဲ။
#CREDIT