Astrology

အေသွေးပိုင်ရှင်လေးများရဲ့ လူတွေမသိအောင်ဖုံးကွယ်ထားတဲ့အကျင့်စရိုက်နဲ့စိတ်နေစိတ်ထား

သွေးအမျိုးအစားကိုလိုက်ပြီး လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထားတို့ကို မှန်းဆနိုင်ပြီး သူတို့ရဲ့ လူမသိအောင် ဖုံးကွယ်ထားတဲ့အကျင့်စရိုက်တွေကိုလည်း ဖော်ထုတ်နိုင်ပါတယ်။ ဒီတော့ အေ သွေးလေးတွေရဲ့ လူမသိအောင်ဖုံးကွယ်ထားတဲ့ အမှောင်ဘက်ခြမ်းကို အခုပဲဖော်ထုတ်ပြလိုက်ပြီမို့ မှန်ရဲ့လားပြောသွားပါဦးနော်။

အသည်းအသန်တွေခံစားတတ်တယ်
အေသွေးပိုင်ရှင်တွေက ခံစားလွယ်လွန်းပြီး တစ်ခုခုဆိုစိတ်ထိခိုက်ဖို့ကအရင်ပါပဲ။ တခြားလူတွေအတွက် ဘာမှမဟုတ်တဲ့အရာတွေက သူတို့အတွက်တော့ ကမ္ဘာပျက်သလို ကိစ္စအကြီးကြီးဖြစ်နေတတ်တယ်။

ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်ကြိုးစားနေထိုင်တတ်တယ်
လူအများနဲ့မတူကွဲထွက်နေတဲ့သူ၊ အများကအာရုံစိုက်ရတဲ့သူဖြစ်နေရင် နေရထိုင်ရခက်နေတတ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်၊ အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီးနေတတ်တယ်။ ဖော်ရွေတယ်။ဘာပဲလုပ်လုပ် အစီအစဉ်တကျ၊ဂရုတစိုက်လုပ်တတ်တယ်
အေသွေးတွေက ရုတ်တရက်ကြုံလာတဲ့အခက်အခဲတွေကို မဖြေရှင်းချင်ဘူး။ မျှော်လင့်မထားတဲ့အခက်အခဲတွေ ကြုံရခြင်းက သူတို့ကို အရမ်းစိတ်ပင်ပန်းစေတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အမှားနည်းနိုင်သမျှနည်းအောင်၊ အစီအစဉ်တကျ၊ ဂရုတစိုက်လုပ်တတ်တယ်။

ကျောင်းမှာဆို စံပြကျောင်းသားတွေ
အမှားနည်းအောင်ကြိုးစားတတ်တာနဲ့ ဘာပဲလုပ်လုပ်ဂရုတစိုက်လုပ်တတ်တဲ့အကျင့်တွေကြောင့်ပဲ ကျောင်းမှာ၊အလုပ်မှာ အားလုံးရဲ့စံပြဖြစ်နေတတ်ပါတယ်။

အေသွေးယောကျာ်းလေးတွေက ပျင်းစရာကောင်းသလောက်၊ အေသွေးမိန်းကလေးတွေက ဆွဲဆောင်မှုရှိတယ်
အေသွေးယောကျာ်းလေးတွေက အနေအေးပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမဟုတ်ရင် စကားများများပြောဖို့ ပျင်းတတ်တာကြောင့် အေသွေးယောကျာ်းလေးတွေက မိန်းကလေးတွေအမြင်မှာ ဆွဲဆောင်မှုမရှိသလိုဖြစ်နေတတ်ပြီး အေသွေးမိန်းကလေးတွေကတော့ သွက်လက်ပြီး လူကဲခတ်တော်တယ်၊ အလိုက်သင့်ပြောဆိုတတ်တာကြောင့် ယောကျာ်းလေးတွေအမြင်မှာ ဆွဲဆောင်မှုရှိတဲ့ပုံစံဖြစ်နေပါတယ်။

သူစိမ်းတွေအပေါ်ယဉ်ကျေးဖော်ရွေသလောက် မိသားစုနဲ့အမျိုးတွေအပေါ်မှာအနိုင်ယူချင်တယ်
အေသွေးလေးတွေရဲ့ လူသိနည်းတဲ့အချက်တစ်ခုက သူစိမ်းတွေအပေါ်မှာ ယဉ်ကျေးဖော်ရွေသလောက် မိသားစုနဲ့အမျိုးတွေအပေါ်မှာ ဆိုးချင်၊အနိုင်ယူချင်ကြတာပါပဲ။သူတို့ဘာလုပ်လုပ်ခွင့်လွှတ်ရမယ်ဆိုတဲ့ ပုံစံမျိုးလေးတွေ လုပ်တတ်ကြပါတယ်။

Unicode

သွေးအမျိုးအစားကိုလိုက်ပြီး လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထားတို့ကို မှန်းဆနိုင်ပြီး သူတို့ရဲ့ လူမသိအောင် ဖုံးကွယ်ထားတဲ့အကျင့်စရိုက်တွေကိုလည်း ဖော်ထုတ်နိုင်ပါတယ်။ ဒီတော့ အေ သွေးလေးတွေရဲ့ လူမသိအောင်ဖုံးကွယ်ထားတဲ့ အမှောင်ဘက်ခြမ်းကို အခုပဲဖော်ထုတ်ပြလိုက်ပြီမို့ မှန်ရဲ့လားပြောသွားပါဦးနော်။
အသည်းအသန်တွေခံစားတတ်တယ်
အေသွေးပိုင်ရှင်တွေက ခံစားလွယ်လွန်းပြီး တစ်ခုခုဆိုစိတ်ထိခိုက်ဖို့ကအရင်ပါပဲ။ တခြားလူတွေအတွက် ဘာမှမဟုတ်တဲ့အရာတွေက သူတို့အတွက်တော့ ကမ္ဘာပျက်သလို ကိစ္စအကြီးကြီးဖြစ်နေတတ်တယ်။

ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်ကြိုးစားနေထိုင်တတ်တယ်
လူအများနဲ့မတူကွဲထွက်နေတဲ့သူ၊ အများကအာရုံစိုက်ရတဲ့သူဖြစ်နေရင် နေရထိုင်ရခက်နေတတ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်၊ အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီးနေတတ်တယ်။ ဖော်ရွေတယ်။

ဘာပဲလုပ်လုပ် အစီအစဉ်တကျ၊ဂရုတစိုက်လုပ်တတ်တယ်
အေသွေးတွေက ရုတ်တရက်ကြုံလာတဲ့အခက်အခဲတွေကို မဖြေရှင်းချင်ဘူး။ မျှော်လင့်မထားတဲ့အခက်အခဲတွေ ကြုံရခြင်းက သူတို့ကို အရမ်းစိတ်ပင်ပန်းစေတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အမှားနည်းနိုင်သမျှနည်းအောင်၊ အစီအစဉ်တကျ၊ ဂရုတစိုက်လုပ်တတ်တယ်။

ကျောင်းမှာဆို စံပြကျောင်းသားတွေ
အမှားနည်းအောင်ကြိးစားတတ်တာနဲ့ ဘာပဲလုပ်လုပ်ဂရုတစိုက်လုပ်တတ်တဲ့အကျင့်တွေကြောင့်ပဲ ကျောင်းမှာ၊အလုပ်မှာ အားလုံးရဲ့စံပြဖြစ်နေတတ်ပါတယ်။
အေသွေးယောကျာ်းလေးတွေက ပျင်းစရာကောင်းသလောက်၊ အေသွေးမိန်းကလေးတွေက ဆွဲဆောင်မှုရှိတယ်

pixabay

#CREDIT