Celebrities

ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံကလေးများအတွက် အိမ်ကလေးစတင်ဆောက်လုပ်နေပီဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေမှာ စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တွေထဲမှာ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေလဲ အပါအဝင်ပါပဲ ။ လိုအပ်နေတဲ့ အခြေခံ လူတန်းစားတွေအတွက် လှူဒါန်းရုံတင်မကဘဲ ခိုကိုးရာမဲ့နေတဲ့ ကလေးတွေအတွက်လည်း တာဝန်ယူ စောင့်ရှောက်ပြီး မွန်မြတ်တဲ့အလုပ်ကို လုပ်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။လတ်တလောမှာတော့ သူမက ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေး တခု စတင်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကလေးတွေ အရိပ်တခုရဖို့ ၊ လူဖြစ်ဖို့ အတွက် တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြိုးစားနေ သလို သူမ သားသမီးလေးတွေအတွက် ၇ ရက်သားသမီးများရဲ့ မေတ္တာဓာတ်လဲအများကြီးလိုအပ်တာကြောင့် ကလေးတွေ နေဖို့ အိမ်လေး အမြန်ပြီးမြောက်အောင် ဆုတောင်းပေးကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တာပဲဖြစ်ပါတယ် ။ခိုကိုးရာမဲ့ ကလေးလေးတွေအတွက် အေးချမ်းလုံခြုံတဲ့အရိပ်လေးတစ်ခုပေးနိုင်ဖို့ စတင်ဆောက်လုပ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် မျှဝေပေးထားပါသေးတယ် ။ ပရိသတ်တွေကတော့ သူမရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို သာဓုခေါ်ဆိုနေကြပြီး အမြန်ဆုံးဆောက်လုပ်ပြီးစီးပြီး ကလေးတွေ အမြန်ဆုံး နားခိုနိုင်ဖို့ ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ် ။
#credit cele gabar