Celebrities

ကော်ပတ်ရုပ်ဆိုတဲ့ သီချင်းကိုချစ်သူနဲ့အတူရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို ပြန်ပြောပြလာခဲ့တဲ့ ရဲရင့်အောင်

မကြာခင်မှာထွက်ရှိတော့မယ့် ရဲရင့်အောင်ရဲ့ ကော်ပတ်ရုပ်ဆိုတဲ့ သီချင်းသစ်လေးက လွန်ခဲ့တဲ့ (၄) နှစ်လောက်ထဲက ဖုန်း app တစ်ခုနဲ့ စပြီးသီချင်းတီးဖြစ်တဲ့အချိန်တုန်းက စရေးဖြစ်ခဲ့တဲ့ သီချင်းလေးဖြစ်တယ်လို့သိရပါတယ် ။ ဒီသီချင်းလေးကတော့ သူ့ရဲ့ခွေထဲမှာ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်နေရာကနေ ပါဝင်တယ်လို့ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

ဒီသီချင်း Music Video လေးရဲ့အမှတ်တရကတော့ ရဲရင့်အောင်က သူ့ချစ်သူ ဧငြိမ်းဖြူနဲ့ အတူတွဲရိုက်တာဖြစ်ပြီး Music Video မှာအရမ်းဂေါ်ချင်လို့ တစ်ခေါင်းလုံးကျက်ဆံမြီး ကျစ်ခဲ့ရတာပဲဖြစ်ပါတယ်တဲ့ ။ “ကျစ်ဆံမြီးကျစ်ရတာ ကျွန်တော်က ဆံပင်အရမ်းပါးတယ် ဆံပင်လုံးသေးတော့ ကျစ်ဆံမြီးကျစ်ရင် အရမ်းတိုင်ပတ်တယ် ဒါပေမယ့်လည်း လှကလည်းလှချင် ဂေါ်ကလည်းဂေါ်ချင်တော့ကျစ်ရတာပေါ့…” လို့ ရိုက်ကူးရေးအတွေ့ကြုံတွေကို ပရိသတ်တွေဆီ ဝေမျှခဲ့တာပဲဖြစ်ပါတယ် ။

အစက ဒီ Music video အတွက်ကော်ပတ်ရုပ်လေးတွေ ကောင်းကင်က ပြုတ်ကျလာတဲ့ ပုံစံမျိုးရိုက်ကူးချင်ခဲ့ပေမယ့် အရုပ်က အရမ်းကိုဈေးကြီးလွန်းတဲ့အတွက် မလျော်နိုင်လို့ အဲဒီအခန်းလေးတော့မပါဖြစ်ခဲ့ဘူးလို့လဲ သိရပါတယ် ။ သူ့ရဲ့ ဒုတိယ အယ်ဘမ်လ် လေးကို ထုတ်ချင်လို့ ကြိုးစားနေပေမယ့် အကြောင်းကြောင်းကြောင့် ရွှေ့ရင်း ရွှေ့ရင်းနဲ့ မကြာမီ ပရိသတ်တွေရှေ့ကို အရောက်ပို့ပေးတော့မှာဖြစ်တယ်လို့လည်း ပရိသတ်တွေကိုအ သိပေးခဲ့ပါတယ် ။


#credit cele gabar