Knowledge

ဝိဇ္ဇာပြခဲ့သော ငှက်ဖျားအမြစ်ပြတ် ဆေးတော်တစ်လက်

Unicode

ပရိသတ်ကြီးရေ ငှက်ဖျားခဏခဏ ပြန်ထနေလို့ အမြစ်မပြတ်ဖြစ်နေရှာတဲ့ ဝေဒနာရှင်တွေအတွက် ငှက်ဖျားအမြစ်ပြတ်တဲ့ဆေးလေးမျှဝေပေးလိုက်ပါတယ်…ငှက်ဖျားရှင်တို့အတွက် မှတ်ဖွယ်ကဗျာစာတို့လေးမှာ ̏တရုတ်စကား၊အဟုတ်စကားမို့ကျော်၊ဝိဇ္ဇာကျော်ဆေးတော်ပေး၊ ငှက်ဖျားသော်ဝေးကွာဘေး၊မှတ်သားနော်တစ်သက်တာရေး ˝ဟုဖြစ်သည်။
မင်းခေါင်ရှင်ကြီး ၁၉၁၈ခုနှစ်လောက်က ကချင်ပြည်နယ် နမ္မာခရုချောင်းရွာတွင် နေစဉ်ကမီးသွေးဖုတ်တဲ့ ကချင်လင်မယားကို
ငှက်ဖျားတွေတက်နေကာ နှစ်ဦးစလုံးအိပ်ရာထဲလဲနေ၍ ̏မင်းတို့နှစ်ယောက်ကိုမသေဆေးတိုက်မယ် ˝ဆိုပြီး တရုတ်စကားခေါက်
ကိုခွာကာ ပြုတ်ကျို၍ဆားအနည်းငယ် ထည့်သွင်းပြီးသောက်စေခဲ့ရာ ငှက်ဖျားအမြစ်ပြတ်သွားသည်ဆိုပါသည်။
ထိုစာမူကို ဝိဇ္ဇာပြခဲ့သော ငှက်ဖျားဆေးတော်တစ်လက်စာမူဖြင့် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင်ဖေါ်ပြပြီးခဲ့ပါသည်။
တရုတ်စကားပင်၏မျိုးရင်းမှာ ဆယ့်နှစ်ရာသီမျိုးရင်းဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Plummeria acutifolia Poir ဖြစ်သည်။အလွန်အေးမြသောတောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ပေါက်ရောက်ပါသည်။အစေး၊အပွင့်၊အရွက်၊အခေါက်တို့ကို အသုံးပြုနိုင်သည်။စပ်ခါးဖန်၍ပူသောသတ္တိရှိသည်။ဆီးကိုရွှင်စေသည်။သလိပ်ကိုကြေစေသည်။နူနာ၊အနာပေါက်၊ ဝမ်းဗိုက် ရောဂါတို့ကိုပျောက်ကင်းစေသည်။အသုံးပြုပုံများ အစေး…အခေါက်နှင့်ကိုင်းမှထွက်သော နို့နှစ်ရောင်အေစေးကို ဝမ်းနုတ်ဆေးအဖြစ်သုံးသည်။နို့နှစ်ရောင်အစေးသည်ဝမ်းဗိုက်ရောင်ရောဂါ၊ဝမ်းဗိုက်ထိုးအောင်ရောဂါတို့ကို ပျောက်ကင်းစေသည်။အပွင့်နှင့်အရွက်…အရွက်ကိုစားခြင်းဖြင့်လည်းကောင်း၊မုန့်နှစ်ဖြင့်ကြော်၍လည်းကောင်း၊စားကြသည်။အပွင့်ကိုပြုတ်တို့ကြသည်။အရွက်၊အပွင့်ကို မန်ကျည်းရည်ဖြင့် ပြုတ်၍သနပ်လက်သုပ်လုပ်စားခြင်းဖြင့် ဆီးဝမ်းကိုရွှင်စေ၍ သလိပ်လေကို ကြေစေသည်။ရွှေပေါ်ကျွန်းမှဆေးဆရာကြီးအဘသိန်းကမူ ငှက်ဖျားသမားများအား တရုတ်စကားခေါက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုပြီးဆားအနည်းငယ်ဖြင့်တိုက်ပါက ငှက်ဖျားအမြစ်ပြတ်သည်ဟု မိန့်ဖူးသည်။တရုတ်စကားနှင့်ပတ်သက်ပြီးအခြားဆေးအသုံးများလည်းရှိနေပေးဦးမည်။

ZawGyi

ပရိသတ်ကြီးရေ ငှက်ဖျားခဏခဏ ပြန်ထနေလို့ အမြစ်မပြတ်ဖြစ်နေရှာတဲ့ ဝေဒနာရှင်တွေအတွက် ငှက်ဖျားအမြစ်ပြတ်တဲ့
ဆေးလေးမျှဝေပေးလိုက်ပါတယ်…ငှက်ဖျားရှင်တို့အတွက် မှတ်ဖွယ်ကဗျာစာတို့လေးမှာ ̏တရုတ်စကား၊အဟုတ်စကားမို့ကျော်၊ဝိဇ္ဇာကျော်ဆေးတော်ပေး၊ ငှက်ဖျားသော်ဝေးကွာဘေး၊မှတ်သားနော်တစ်သက်တာရေး ˝ဟုဖြစ်သည်။မင်းခေါင်ရှင်ကြီး ၁၉၁၈ခုနှစ်လောက်က ကချင်ပြည်နယ် နမ္မာခရုချောင်းရွာတွင် နေစဉ်ကမီးသွေးဖုတ်တဲ့ ကချင်လင်မယားကို ငှက်ဖျားတွေတက်နေကာ နှစ်ဦးစလုံးအိပ်ရာထဲလဲနေ၍ ̏မင်းတို့နှစ်ယောက်ကိုမသေဆေးတိုက်မယ် ˝ဆိုပြီး တရုတ်စကားခေါက်ကိုခွာကာ ပြုတ်ကျို၍ဆားအနည်းငယ် ထည့်သွင်းပြီးသောက်စေခဲ့ရာ ငှက်ဖျားအမြစ်ပြတ်သွားသည်ဆိုပါသည်။ထိုစာမူကို ဝိဇ္ဇာပြခဲ့သော ငှက်ဖျားဆေးတော်တစ်လက်စာမူဖြင့် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင်ဖေါ်ပြပြီးခဲ့ပါသည်။တရုတ်စကားပင်၏မျိုးရင်းမှာ ဆယ့်နှစ်ရာသီမျိုးရင်းဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Plummeria acutifolia Poir ဖြစ်သည်။
အလွန်အေးမြသောတောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ပေါက်ရောက်ပါသည်။အစေး၊အပွင့်၊အရွက်၊အခေါက်တို့ကို အသုံးပြုနိုင်သည်။စပ်ခါးဖန်၍ပူသောသတ္တိရှိသည်။ဆီးကိုရွှင်စေသည်။သလိပ်ကိုကြေစေသည်။နူနာ၊အနာပေါက်၊ ဝမ်းဗိုက် ရောဂါတို့ကိုပျောက်ကင်းစေသည်။အသုံးပြုပုံများ အစေး…အခေါက်နှင့်ကိုင်းမှထွက်သော နို့နှစ်ရောင်အေစေးကို ဝမ်းနုတ်ဆေးအဖြစ်သုံးသည်။နို့နှစ်ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ၊ဝမ်းဗိုက်ထိုးအောင်ရောဂါတို့ကို ပျောက်ကင်းစေသည်။အပွင့်နှင့်အရွက်…အရွက်ကိုစားခြင်းဖြင့်လည်းကောင်း၊မုန့်နှစ်ဖြင့်ကြော်၍လည်းကောင်း၊စားကြသည်။အပွင့်ကိုပြုတ်တို့ကြသည်။အရွက်၊အပွင့်ကို မန်ကျည်းရည်ဖြင့် ပြုတ်၍သနပ်လက်သုပ်လုပ်စားခြင်းဖြင့် ဆီးဝမ်းကိုရွှင်စေ၍ သလိပ်လေကို ကြေစေသည်။ရွှေပေါ်ကျွန်းမှဆေးဆရာကြီးအဘသိန်းကမူ ငှက်ဖျားသမားများအား တရုတ်စကားခေါက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုပြီးဆားအနည်းငယ်ဖြင့်တိုက်ပါက ငှက်ဖျားအမြစ်ပြတ်သည်ဟု မိန့်ဖူးသည်။တရုတ်စကားနှင့်ပတ်သက်ပြီးအခြားဆေးအသုံးများလည်းရှိနေပေးဦးမည်။စာကိုးမြန်မာဆေးဝါးပင်များ..

#credit