Celebrities

သာမန်ယောကျာ်းလေးတစ်ယောက်တောင် မနိုင်တဲ့ 55KG ဝိတ်တုံးကြီးကို အားကုန်သုံးပြီး တခါထဲ မပြခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ဆယ်စုနှစ်တစ်ခုကျော်တိုင် အောင်မြင်မှုရရှိနေသလို သူမရဲ့ အောင်မြင်မှုကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေ အမြင်မရိုးသွားစေဖို့အတွက် ကိုယ့်ကိုကိုယ်
အမြဲပြောင်းလဲမှုတွေပြုလုပ်သလို ခန္ဓာကိုယ်အချိုးအစားပြောင်းလဲမှုမရှိအောင်လည်း ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖွေးဖွေးရယ်လို့ ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေအကုန်လုံးကို ရပ်နားထားတဲ့ ဖွေးဖွေးက သူမရဲ့ ကိုယ်ကာယကြံံ့ခိုင်မှုအတွက် အားကစားတွေကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးက 55 KG (၁၂၁ ပေါင်) ရှိတဲ့ အလေးတစ်ခုကို မပြခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီးအခုလိုပဲ မျှဝေပေးထားပါတယ်။ ဖွေးဖွေးကတော့ သာမာန်ယောကျာ်းလေးတစ်ယောက်တောင် မ,ပြဖို့ မလွယ်ကူတဲ့ 55 KG ရှိတဲ့ ဝိတ်တုံးကြီးတစ်ခုကို အင်အားအကုန်သုံးပြီး မ ပြခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ဖွေးဖွေးလို အားကစားကို အားကျိုးမာန်တက်လုပ်ကိုင်သူတွေများရှိလားဆိုတာ ဝေမျှပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

#credit