Celebrities

ကိုဗစ်ကို အောင်နိုင်နေတဲ့ မြန်မာပြည် နဲ့ အောင်မှတ် ရရုံ မက ဂုဏ်ထူး ပါ ထွက် ခဲ့တဲ့ အစိုးရ

နေ့လည် က သူငယ်ချင်း တစ်ယောက် နဲ့ စကားပြောရင်း ကိုဗစ် ကာလ တုန်းကအကြောင်းတွေ ကို ရောက်သွားတယ်။ မြန်မာပြည် ကို ကိုဗစ် စပြီးဝင် ကာစ အချိန် ဧပြီလဆန်းပိုင်း အခြေအနေတွေေ ပါ့ ။ အဲ့ဒီ တုန်းကဆို အားလုံးကလည်း ဝရုန်းသုန်းကား နဲ့ ကြောက်လန့် နေကြချိန် ။ ခုမှသာ အေးရာအေးကြောင်းဖြစ် သွားပြီး သိပ်မကြောက်ကြတော့ တာပါ။ မကြောက်ဆို နေ့စဉ်စစ်ဆေးတဲ့ သူအရေအတွက်၊ ရောဂါတွေ့ရှိတဲ့သူအရေ အတွက်၊ ပြန်ကောင်းတဲ့သူ အရေအတွက်တွေ ကို ဆက်တိုက် သတင်းတင် ပေးနေတာ ကိုး။

စဖြစ်ကာ စတုန်းကတော့ တစ်ယောက်စပြီး ပေါ့စတစ်တွေ့တာ နဲ့ တတိုင်း ပြည်လုံး မျိုးပြုတ်တော့ မလောက် ကြောက်ခဲ့ကြတာလေ ။ တချို့ဆို လေက တဆင့်ကူးစက်တတ်တယ် ဆိုပြီး ဇွန်ဘီကားထဲ ကလို လူတွေတ ဘိုင်းဘိုင်းလဲကျပြီးသေကုန်ကြမယ် လိုလိုတောင်ပြောကြတာ ။ အဲ့ဒီလို ကြောက်ခဲ့ကြ တာလည်း ကောင်းပါတယ် ။ ကြောက်စိတ်လေးရှိနေတော့ ကာကွယ်စရာရှိတာကို ကြိုတင်ကာကွယ်ပြီးသားဖြစ် တာပေါ့။တကယ်တော့ ဒီကိုဗစ်ကြီးဟာ NLD အစိုးရ အတွက် အကြီးကျယ်ဆုံး စိန်ခေါ်မှုကြီးပါ။ နောက် ၆ လအတွင်း လုပ်ပေးရတော့မယ့်ရွေးကောက်ပွဲအတွက် တကယ့်အဆုံးအဖြတ်ပွဲကြီးပါ။ ထိန်းချုပ်စီမံကွပ်ကဲတဲ့ပုံစံ တချက်ကလေး လွဲ သွားရင် နောက်ဆက်တွဲ ရလာဒ်တွေ က တော်တော် ဆိုးဆိုးတွေဖြစ်လာ မှာပါ။ပြန်စဉ်းစားကြည့်ရင် အဲ့ဒီ အချိန်မှာ လုပ်ရ ကိုင်ရတာ တကယ့်ကို ကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ရောဂါကူးစက်မှာကြောက်လို့ အကုန်လုံးကိုပိတ်ချပြီး Lock Down လုပ်လိုက်ရင်လည်း စီးပွါးရေးပြဿနာ၊ လူမှုရေးပြဿနာတွေ တန်း စီတက်လာပြီး တိုင်းပြည်ပါ ပျက်သွားနို င်ပါတယ် ။ အဲ့ဒါ ကိုကြောက်ပြီး နေချင်သလိုနေကြ၊ သွားချင်သလိုသွားကြဆိုပြီး လွှတ်ထားလိုက်ရင်လည်း ရောဂါကူးစက်တာတွေ အများကြီးဖြစ် လာပြီး အခြေအနေ က ပိုဆိုးသွားနိုင် ပါတယ်။

အဲ့ဒီလိုအခြေအနေမျိုး မှာ Lock Down, Lock Down လို့ ညာသံပေးပြီး လူတွေအကုန်လုံးကို ဆင်းရဲကြပ်တည်းမှု၊ ဆူပူအုံကြွမှုထောင်ချောက်ထဲကို အကြံအစည်ရှိရှိနဲ့တွန်းပို့ခဲ့ကြသူတွေလည်း အများကြီးပါ။ ဘာမဆိုင်ညာမဆိုင် ကာလုံခေါ်ဖို့ မရှက်မေ ကြာက်ထအော်ခဲ့ကြတာတွေတောင် ရှိပါတယ်။NLD အစိုးရရဲ့ အမြော်အမြင် ရှိရှိ ပညာသား ပါပါ နဲ့ စီမံကွပ်ကဲခဲ့လို့သာ ခုလိုအခြေအနေဆိုးကြီးကို သက်တောင့်သက်သာနဲ့၊ အကျအဆုံးအနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါတောင် အစိုးရရဲ့စီမံခန့်ခွဲပုံကိုအသိ အမှတ် မပြုဘဲ “ကံကောင်း လို့ ကိုဗစ် ဒဏ်ကနေလွတ်လာတာ” လို့ မရှက်မကြောက်ပြောထွက်ကြပါသေးတယ်။ဒီနေရာမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲသွားတဲ့ ပုံစံ ကို တကယ်အသိအမှတ်ပြုရမှာပါ။ ကိုယ့်နိုင်ငံရဲ့ တတ်နိုင်တဲ့အင်အားနဲ့ ရသလောက်ကာခဲ့ကြတာပါ။ ကျန်း/အား ဝန်ကြီးပြောခဲ့တဲ့ “ဖျားသွားမယ်” ဆိုတဲ့ စကားကို ရယ်မောဟား တိုက်ခဲ့ကြတဲ့သူတွေ အများကြီးပါ။ ကျနော်ကတော့ အဲ့ဒီလိုလူတွေထဲမပါခဲ့တာ ခုထက်ထိကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလို့မဆုံးပါဘူး။

ဒီနေရာမှာ ဝန်ကြီးရဲ့ပညာအရည်အချင်းနဲ့ အတွေ့အ ကြုံ၊ သူလုပ်ခဲ့တဲ့ ရာထူး ၊ ဌာနတွေ ကို သိကြရင် ခုလိုကူးစက်ကပ်ရောဂါကပ်ဆိုးကြီးကို ဘာကြောင့်ကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုတာ သိမှာပါ။ ဝန်ကြီးဟာ တချိန်က WHO ရဲ့ အရှေ့တောင်အာရှဒေသ ဆိုင်ရာ အကြံပေး အရာရှိပါ ။ တခြား သူလုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေလည်း အများကြီးပါ။ကျနော့် သူငယ်ချင်းပြော သလို ပါပဲ ။ “ဟ Epidemiology( ကူးစက်ရောဂါ၊ ကပ်ရောဂါ ) ဆိုတာ ဘိုးတော်အပိုင်ဆုံး Subject လေကွာ” တဲ့။ “သူက တသက်လုံးဒါပဲလုပ်လာတာကို” တဲ့။ ကိုင်း။ ဒါ့အပြင် ပြည်သူတွေ ရဲ့ပူးပေါင်း ပါဝင်မှုတွေ ကိုလည်း မေ့မထားသင့် ပါဘူး။ တခြားအစိုးရတွေ လက်ထက် မှာဆို ညစ်လုံးလုံးပြီးပါက်ကွဲ ထွက်လာမယ့်အခြေအနေတွေ ကို သည်းညည်းခံပြီး မဖြစ်သင့်တာ မဖြစ်အောင် အချင်းချင်း ဝိုင်းထိန်း ခဲ့ကြ တ ယ်။ ငါတို့တင်တဲ့အစိုးရလက်ထက်မှာ အမှားအယွင်းတော့အဖြစ်မခံဘူးဆိုပြီး တောင့်ခံခဲ့ကြတယ်။ နိုင်ငံတော်အာဏာကို ကျားချောင်းသလိုချောင်းနေတဲ့ သူတွေလက်ထဲ မပါအောင် ဝိုင်းဝန်းပံ့ပိုးခဲ့ကြ တယ် ။အဲ့ဒါတွေကို ခုချိန်မှာသွေးအေးအေး နဲ့ပြန်စဉ်းစားကြည့် ။ သိပ်ကြည်နူး အားရ ဖို့ကောင်း တယ် ။ အစိုးရ နဲ့ပြည်သူ လက်တွဲ မညီ ခဲ့ရင် နိုင်ငံတော် အာဏာ သို့မဟုတ် ပြည်သူတွေရဲ့အသက်တွေ ပေးဆပ်ကြ ရတော့ မှာ ။ ဘာပဲပြောပြော ကိုဗစ် အလွန်ကာလဟာ NLD အစိုးရ ရဲ့ အောင်စာရင်းပဲဖြစ် တယ် ။ အောင်မှတ် သာမကဘူး ဂုဏ်ထူးမှတ်တောင်ကျော်နေသေး တယ်။ ပါးစပ်ဟပြီး အာသာငန်းငန်းနဲ့စောင့်နေကြ သူတွေ အတွက်တော့ စားရခါနီးမှပုတ်ချခံရ တဲ့ ထမင်းလုတ်လိုဖြစ် သွားတယ်။

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ မှာလည်း ဒီစိတ်ဓာတ်တွေနဲ့ ပဲ စစ်အာဏာရှင်စံနစ် အကြွင်းအကျန် အမှိုက်သရိုက်တွေ ကို ရှင်းလင်းကြ ရပါလိမ့် မယ် ။

#credit