Celebrities

မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ဝါဆိုမိုးဦး

ပရိသတ်အချစ်တော် မော်ဒယ်၊သရုပ်ဆောင်နဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ဝါဆိုမိုးဦးကတော့ ဒီနေ့မှာမွေးနေ့ကျရောက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရှိနေသလို အနုပညာအလုပ်တွေတောက်လျှောက်လုပ်နေတဲ့ ဝါဆိုမိုးဦးကတေ့ာ ဒီနေ့လေးမှာ အသက်(၂၆) နှစ်ပြည့်သွားတဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ကနေပြီးအသိပေးပြောကြားလာပါတယ်။

ဝါဆိုမိုးဦးကတော့ မွေးနေ့လေးမှာအလှူပြုလုပ်မယ့်အကြောင်းကို ပရိသတ်တွေကို ပြောကြားထားသလို ဒီနေ့မှာကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “ယနေ့မွေးနေ့ကုသိုလ်လေးပါ…ဝါဆိုနှင့်အတူ ၇ ရက်သောသားသမီးများအပေါင်း ကုသိုလ်များရရှိကြပါစေ” ဆိုပြီးတော့ အလှူပြုလုပ်နေတဲ့ပုံရိပ်လေးနဲ့အတူ ပြန်လည်မျှဝေထားတာပါ။ ဝါဆိုမိုးဦးကတော့ ရက်ပါအဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြိုးလေးနဲ့ချစ်သူတွေဖြစ်ပြီး ပရိသတ်ချစ်တဲ့အနုပညာရှင်စုံတွဲလို့လည်း သတ်မှတ်ခံထားရတာပါ။


ဒီနေ့မွေးနေ့အလှူလေးမှာတော့ ဖြိုးလေးနဲ့အတူတူအလှူပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကုသိုလ်ကိုလည်း အခြားသူတွေရစေဖို့ဆုတောင်းပေးခဲ့ပြီး ပရိသတ်တွေကတော့ အလှူအတွက် ကြည်နူးနေကြတာပါ။ ဝါဆိုမိုးဦးတစ်ယောက် မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာ အလှူအတန်းတွေပြုနိုင်ပါစေ …
Source : WarsoMoeOo
#credit cele gabar