Celebrities

လက်ရှိ အချိန်တွင် မြန်မာပြည် သွေးလွန် တုပ်ကွေး ဖြစ်သူ မှာ ကိုဗစ် ထက် ( ၁၀ ) ဆ ကျော်နေ ၊ သေဆုံးသူ ( ၄ ) ဆ ကျော်မြင့် တက်

သွေးလွန်တုပ်ကွေးရောဂါ နဲ့ သေဆုံးသူ အရေအတွက် ဟာ ကမာ ္ဘ့ကူးစက်မြန် ရောဂါ ကိုဗစ်-၁၉ နဲ့ သေဆုံးနေ တာ ထက် ၄ ဆကျော်မြင့်တက် လာနေပြီး မြန်မာတနိုင်ငံလုံး မှာ ဖြစ်ပွားသူ (၃၄၀၀) ကျော်နေပြီ လို့ ကျန်းမာရေး ဌာနက ထုတ်ပြန် ထား ပါ တယ် ။ ခြင်ကျားကိုက်ခံ ရလို့ ဖြစ်ပွား တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်သူ ဦးရေဟာ ကိုဗစ်-၁၉ ဖြစ်သူထက် လည်း ၁၀ ဆ လောက်ပိုများနေတာ ဖြစ် ပါတယ် ။

လက် ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံထား ရသူ အတည်ပြုလူနာ ၃၀၀ ကျော်ရှိြ ပီး သေဆုံးသူ ၆ ယောက်ရှိပေ မယ့် သွေးလွန် တုပ်ကွေးဖြစ်သူကတော့ ၃၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက်ရှိတာကြောင့် ဂရုစိုက် ကာကွယ်ကြဖို့ ကျန်းမာရေးဌာန က တိုက်တွန်းထား ပါတယ် ။ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေ တာဟာ မိုးတွင်း ကာလ မြင့်တက်တာဖြစ်လို့ အခုကာလဟာ ဒီရောဂါကို ပိုသတိထားရမှာဖြစ်ပြီး စက်တင်ဘာနဲ့ အောက်တိုဘာလရောက်ရင် ဖြစ်ပွားတာ လျော့ကျတတ်တယ်လို့ ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါ တယ် ။

ဇန်နဝါရီလ ကနေ ဇူလိုင်လ အထိ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် ၃၄၄၆ ဦး ရှိပြီး ပြည်နယ်နဲ့ တိုင်း ၁၀ ခုက မြို့နယ် ၂၀ မှာ ရောဂါဖြစ်ပွားနေတာပါ။ အခု ဇူလိုင်လအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းက ဖြစ်ပွားသူ ၁၂၀၊ သေဆုံးသူ ၃ ဦး နဲ့ အဖြစ်များဆုံး ရှိနေ ပါတယ်။ လူဦးရေအထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီး မှာတော့ ရောဂါဖြစ်ပွား သူ ၃၉ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

တုပ်ကွေးရောဂါကို ဂရုစိုက်ရမယ့်ကာလ ဖြစ်နေတာကြောင့်လ ည်း နေမကောင်းဖြစ်သူတွေ အနေ နဲ့ Fever Clinic ကို လာပြစေချင်တယ် လို့ မရမ်းကုန်းမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာရဲလင်းစိုး က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြန်မာ တနိုင်ငံလုံး သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄၀၀၀ ကျော် ရှိခဲ့တာကြောင့် အခု ၂၀၂၀ ပြည့်နှစ်မှာလည်း နှစ်ဝက်ကာလအတွင်း အရေအတွက် ၃၀၀၀ ကျော်နေတာဟာ အရင်နှစ်နဲ့ နှိုင်းယှဉ် ရင်တော့ ဖြစ်ပွားနှုန်း လျော့ကျနေသေး တယ်လို့ ဆို ပါတယ်။

သွေးလုပ်တုပ်ကွေးရောဂါမှ ကာကွယ်ဖို့ ခြင်မပေါက် စေရန် ပိုးလောက်လန်း မပေါက်စေရန် ဖုံး၊ သွန်၊ ခပ်၊ စစ်လောင်း၊ ကောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ် အကုန်လုပ်၊ ခြင်မကိုက်စေရန် အကျီင်္ လက်အရှည် ဘောင်းဘီ အရှည် ဝတ်ရန် နေ့လည်အိပ်လဲ ခြင်ထောင်ဖြင့် အိပ်ရန်၊ ကလေး များ ကျောင်းသွားချိန် ခြင်မကိုက်စေ ရန် ကြိုတင်ပြင် ဆင်ပေးရန်၊ အိမ်ရှိ ခြုံ အမှောင် ခြင်ခိုအောင်းနိုင်သော နေရာ များကို ရှင်းလင်းပေးရ ပါမည် ။

#credit