Health & Knowledge

ဒူးရင်းသီး နှင့်လုံးဝတွဲမစားသင့်သည့် အစားအစာများ

ဒူူးရင်းသီး ကြိုက်သူများ သတိပြုစရာအစားမတော်တစ်လုတ်(ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ)

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ဆိုတဲ့စကားပုံဟာ အစားအသောက်စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။အခုအချိန်မှာ ရာသီစာဖြစ်တဲ့ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင်အနံ့အရသာပြည့်စုံရုံမျှမကအားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမကထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့မှနေပြီးအများဆုံးထွက်ရှိကာလူကြိုက်များသေသစ်သီးလည်းဖြစ်ပါတယ်ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလိုမစားတတ်ရင်မြွေထက်တောင်အဆိပ်ပြင်းတဲ့အသီးလို့လည်းပြောလို့ရပါတယ်။

ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်းထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။ထို့ိအပွငျ ဒူရငျးသီးနှင့ျအတူ တှဲဖကျမစားသင့ျတဲ့ အစားအသောကျမြားကတော့ အရကျ၊ ကိုကာကိုလာ နှင့ျ လိုငျခြီးသီးမြားဖွဈပွီး စားသုံးမိပါက အသကျအန်တရာယျဖွဈစနေိုငျတယျ လို့ဆိုပါတယျာကွောင့ျဒီလိုဖွဈရတာလဲ?ဗဟုသုတ ရအောငျဖောျပွပေးလိုကျပါတယျ။

၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။

၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ဝမ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။

၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။

၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။

ဒူူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်သတိထားစားသုံးကြဖို့မျှဝေလိုက်ပါတယ်ရှင်။

#credit