News

ဇွဲကပင်တောင်ပေါ် သေဆုံးသွားသူ လူ (၂) ဦး မှာ ဓာတ်လိုက်သေဆုံးခြင်းဖြစ်

ဇွဲကပင်တောင်ပေါ် ကေဘယ်ကားတပ်ဆင်ခြင်းပြုလုပ်ရာတွင် အလုပ်လုပ်နေသော အလုပ်သမား လင်မယား နှစ်ယောက်သည် လွန်ခဲ့သော ကြာသပတေးနေ့ ညကဇွဲကပင်တောင်ပေါ်တွင် လျှပ်စီးလက် မိုးကြိုးပစ်၍ လျှပ်စစ် မီးပျက်သွားပြီ မိမိတို့နေထိုင်သော အခန်းမီးလင်းနိုင်ရန် အတွက် အခန်းအတွင်းရှိ မီးစက်ကြီးကိုနိုးကာ လျှပ်စစ်မီးများတပ်ဆင်ရာမှ လင်မယား၂ယောက်နှင့် အခန်းအတွင်းရှိခွေးတစ်ကောင်ပါ ဓာတ်လိုက်ပြီး သေဆုံးသွားကြပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကတောင်ပေါ်သို့ တက်ရောက်စစ်ဆေးရာ အခန်းအတွင်း  သံမံတလင်း အစိုဓာတ်နှင့် မီးကြိုးစဖြင့် ထိနေသည်ကို တွေ့ရှိသည်။ ထိုလင်မယား၂ ယောက်သည် အခန်းအား ပိတ်ထား၍ အပြင်မှလူများကမမြင်ရပေ။ ခွေးသေကောင်မှ ပုတ်နံထွက်လာသဖြင့် ဇွဲကပင်တောင်ပေါ်လုပ်အားဒါနပြုအဖွဲ့ (တစ်ဘက် ၅၀၀ အဖွဲ့)မှ ၂၆-၇-၂၀၂၀နေ့ နံနက်တောင်ပေါ်သို့ တက်လာစဉ် တောင်ပေါ်ရှိတာဝန်ရှိ သံဃာတစ်ပါးအားလျှောက်တင်၍ နံနေသောအနံ့အားရှာဖွေကြရာ အခန်းအတွင်း လင်မယား ၂ယောက် နှင့် ခွေးတစ်ကောင်ပါသေဆုံးနေကြောင်း တွေ့ရှိရပါသည်။

(သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန် ၅ လရှိပြီ ခွေးသေအား တောင်ပေါ်တစ်နေရာတွင် မြှပ်နှံပေးလိုက်ပါသည်။) အလောင်းအား တောင်ပေါ်မှ တောင်အောက်အထိရောက်အောင် ဝိုင်းဝန်းကူညီသယ်ဆင်းပေးကြသော ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျန်ရစ်သူမိသားစုများကိုယ်စား ကျေးဇူးအထူးပင်တင်ရှိပါသည်။စားစရာ အချိုရည်နှင့် ရေသန့်များအားလှူဒါန်းပေးသော စေတနာရှင်များကိုလည်း ကျေးဇူးတင်ရှိပါသည်။

#credit