Celebrities

အသည်းကွဲပြီးသတ်သေဖို့လုပ်နေတဲ့ ပရိသတ်တစ်ယောက်အတွက် ခွန်အားပေးခဲ့တဲ့ ပန်ကိတ်ဒါဒါ

ဒါဒါကတော့ သူမရဲ့ Pancake DaDa Page ကနေတဆင့် လူငယ်တွေအတွက် ခွန်အားပေးတဲ့ စာတွေရေးသားနေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပါ ။ ဒီတစ်ခါမှာတော့ ညက ၁၂ နာရီလောက် အချိန် မှာ အရမ်းခံစားနေရပါတယ် ဆိုတဲ့ စာတစ်စောင်သူမဆီ ဝင်လာခဲ့ပါတယ် ။ အစကတော့ လူငယ်သဘာ၀ လာပြောကြတဲ့ အသည်းကွဲတယ်။အိမ်နဲ့အဆင်မပြေဘူး ပဲဖြစ်မှာပါ ဆိုတဲ့ အထင်နဲ့ အစက သိပ်ဂရုမစိုက်မိပေမယ့် ကိုယ့်ကိုယ်သတ်သေဖို့ကြိုးစားနေတာ (၂) ခါရှိပြီဆိုတာ သိလိုက်ရတဲ့အခါမှာတော့ သူမကိုယ်တိုင် မျက်လုံးပြူးခဲ့ရတယ်လို့ဆိုပါတယ် ။

ကောင်လေးက နှစ်နှစ်လောက်တွဲပြီး အဆက်အသွယ်မလုပ်တော့လို့ ဆိုပြီး ပြောပြလာတဲ့အခါမှာတော့ လူ့အသက်ကယ်ကောင်းတယ် မကောင်းဘူးဆိုတာတွေ ခနထား ပြီး အဲ့ဒီ အချိန်မှာ ဒါဒါသိတာက အဲ့ဒီ ညီမလေး ကို တစ်ခုခု နားထဲဝင်အောင် ပြောရမယ် ဆိုတဲ့ အသိဝင်လာပြီး သူမအတွက် ဒါဒါဖတ်ဖူးတဲ့ စာပုဒ်လေးတစ်ပုဒ် ကိုမျှဝေပေးခဲ့ပါတယ် ။ လူတစ်ယောက် ကို အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးချစ်ပေးတာဟာမမှားဘူး။ ဒါဟာ အမှားမဟုတ်ဘူး။ အ လို့လည်းမဟုတ်ဘူး။ တုံးလို့လည်းမဟုတ်ဘူး။ ဒါပေမယ့် အဲ့လူတစ်ယောက်ကြောင့် ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားပဲ အနာတရ လုပ်တာတွေကတော့ မှားတယ်။ လူတစ်ယောက်ကိုယ့်အပေါ်မကောင်းတာလုပ်ထားတာကို ကလဲ့စားချေချင်လား။ပျော်ရွှင်စွာ နဲ့ ဘဝကို အဓိပ္ပါယ် ရှိရှိ နေထိုင်တာဟာ ကလဲ့စား ချေ တာထက် အများကြီး ထိရောက်ပါတယ်တဲ့။

မှန်မမှန်တော့မသိဘူး။လိပ်ပြာသန့်ပြီး စိတ်ချမ်းသာတယ်။ ဘဝလည်းတိုးတက်တယ်။ ငါ့အပေါ်လုပ်ရက်လေခြင်း ငါ့မေတ္တာတွေမမြင်ရလေခြင်း ငါ့အချစ်တွေ မမြင်ရလေခြင်း ငါအနွံတာခံပေး၊ သည်းခံပေး၊ အချိန်ပေးခဲ့တာ မသိတတ်လေခြင်း များစွာနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာဟာလည်း ကိုယ့်နှလုံးသား အတွက် မတရားတော့ဘူးလေ။ ဘယ်နာကျင်မှုမဆို တဖြည်းဖြည်းချင်း လွှတ်ချကြည့်ပါ။ လွှတ်လိုက်လို့ တစ်ခုကျသွားရင် ဝဋ်ကြွေး တစ်ခု ဆပ်လိုက်တယ် ပေါ့။ ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထား။ ကိုယ်သေသွားရင် အဲ့လူတွေက မချစ်လို့ လုပ်ရက်သွားပါတယ်ဆိုကိုယ့်အသုဘက သူတို့အတွက် ဟာသ တစ်ပုဒ်လို ပဲ ဖြစ်သွားမှာ ယုံ ဆိုတဲ့ စာသားလေးကို ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားတဲ့ မိန်းကလေးအတွက် ခွန်အားပေးစကားလေးအဖြစ် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။


#CREDIT CELE GABAR