Knowledge

ဆံပင်က မိန်းကလေးတို့အသက်မို့ သိန်း ၁၀၀ ပေးရင်တောင် မရောင်းဘူးဆိုတဲ့ မြန်မာမလေ

သူမရဲ့ ဆံပင်ကို သိန်းရာချီနဲ့ လာဝယ်ရင်တောင် မရောင်းပါဘူးဆိုတဲ့ ဆံပင်ရှည်လေးနဲ့ မြန်မာမလေးရဲ့ ချီးကျူးစရာ
စိတ်ဓာတ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်…

ပရိသတ်ကြီးရေ မြန်မာလူမျိုးတွေမှာ စကားပုံလေးတွေရှိကြပါတယ်နော် မိန်းမတို့ဘုန်း ဆံထုံး…ယောက်ကျားတို့ဘုန်း
လက်ရုံးဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါနော်….မိန်းကလေးတွေရဲ့ အလှကျက်သရေဟာ သူမရဲ့
ဆံကေသာဖြစ်တယ်လို့ ဆိုချင်တာပါ….

ခုခေတ်မှာလည်းပဲ တခြားနိုင်ငံက ယဉ်ကျေးမှုတွေ ထွန်းကားလာနေတာမို့ မြန်မာဆန်ဆန် ဆံပင်ရှည်လေးနဲ့ကျက်သရေရှိတဲ့
မိန်းကလေးဆိုတာ ရှိတော့ ရှိတယ် ရှားသွားပြီလို့ ဆိုရမှာပေါ့နော်….

ခုဖော်ပြမဲ့ မြန်မာမလေးကတော့ ဆံပင်အရှည်ကြီးထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသူလို့ ဆိုရမှာပါ..
ဘယ်လောက်ထိတောင် ထိန်းသိမ်းလည်း ဆိုရင် သိန်း ၁၀၀ ပေးတာတောင် မရောင်းဘူးလို့ ခုလိုလေးလူမှုကွန်ရက်မှာ
ဖော်ပြထားတာ တွေ့ရပါတယ်….“ရောင်းမလား ခဏခဏလာမမေးပါနဲ့။တစ်ကိုယ်လုံးမှာ ဆံပင်ကအသက်မို့
သိန်း၁၀၀ပေးတောင် မရောင်းပါဘူးနော်။

သိဖို့” ဆိုပြီး ချစ်စရာကောင်းတဲ့ ဆံပင်အရှည်ကြီးနဲ့ ပုံလေးတွေနဲ့အတူ မျှဝေထားတာပါ…ဒီဘက်ခေတ်မှာ ခုလို စိတ်ဓာတ်ရှိရှိနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ မြန်မာမလေးကိုချီးကျူးစကားလေးတွေဆိုခဲ့ကြပါအုံးနော်…

#CREDIT ORIGINAL POSTER