Celebrities

ပရိသတ်အချစ်တော် Project K အဖွဲ့နဲ့အတူ မင်းသမီးချောသင်ဇာဝင့်ကျော်ကို မြင်တွေ့ရမယ့် ရုပ်သံဇာတ်လမ်းတွဲအသစ်

ရုပ်သံဇာတ်လမ်းတွဲချစ်သူတွေအတွက်ကတော့ ရုပ်သံဇာတ်လမ်းမျိုးစုံ ထွက်ရှိနေတာဖြစ်ပြီး ပရိသတ်အကြိုက်နဲ့ ကိုက်ညီလျက်ရှိနေတာပါ။ အမိုက်စားအကြမ်းစား မြန်မာဇာတ်လမ်းတွဲတစ်ခုကတော့ ပရိသတ်တွေဆီရောက်လာဦးမှာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်အချစ်တော် Project K အဖွဲ့ရဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရတော့မှာပါ။

Project K အဖွဲ့နဲ့အတူ နာမည်ကျော်သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပါဝင်ထားတာဖြစ်ပြီး မဟာရုပ်သံလိုင်းနေပြီး ထုတ်လွှင့်ပြသမယ့် ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲနာမည်ကတော့ ပြောင်းလဲခြင်းနောက်ကွယ် ( Before & After ) ဖြစ်ပြီး ထွက်ရှိလာတဲ့ Official Trailer ကြောင့်လည်း ပရိသတ်တွေစိတ်ဝင်စားမှုများစွာ ရနေတာပါ။ ဒီ Trailer ထဲမှာတော့ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာဇာတ်လမ်းဇာတ်ကွက်တွေကြောင့် ပရိသတ်တွေပိုမိုစိတ်ဝင်စားနေတယ်လို့လည်း ဆိုရမှာပါ။

ဒါကြောင့်လည်း မဟာရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲမှာတော့ ရှုပ်ထွေးတဲ့ လျို့ဝှက်ချက်တွေနဲ့ အတူ သူတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ အခုဆိုရင်တော့ မဟာရုပ်သံကလိုင်းကနေပြီးတော့ မြန်မာဇာတ်ကားများစွာကို ထုတ်လွှင့်ပေးနေသလို နိုင်ငံခြားဇာတ်ကားများလည်း အခမဲ့ကြည့်ရှုနိုင်တာဖြစ်ပြီး ဖုန်းကနေပြီးတော့ Application ကို download လုပ်ကာ ကြည့်ရှုနိုင်တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးကို စိတ်ဝင်စားတဲ့သူတွေကတော့ Mahar Mobile ကို download လုပ်ထားသင့်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…
#credit cele gabar