Celebrities

မရှိလို့ မလှူမဖြစ်ရလေအောင် ဒီရက်ပိုင်းထဲ အလှူဆက်တိုက်လုပ်နေပါတယ်ဆိုတဲ့ ကော်နီ

အသံပါဝါအားကောင်းကောင်း၊ တင်ဆက်မှုကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိသူကော်နီကတော့ ခေတ်အဆက်ဆက် ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့ သီချင်းတွေကို သီဆိုခဲ့သူပါ။ ခေတ်နဲ့အညီ ပရိသတ်အတွက် သီချင်းအသစ်တွေ ဆက်တိုက်ချပြဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး ။

ချစ်ခင်ရတဲ့ပရိသတ်တွေအတွက် တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်မှာ မျှဝေပေးလေ့ရှိပြီး ဒီရက်ပိုင်းမှာတော့ မကော်တစ်ယောက် အလှူအတန်းမပြတ်ပြုလုပ်ဖြစ်နေသလို ဘုန်းကြီးကျောင်း ဝေယာဝစ္စကုသိုလ်ယူရင်း ကိုဗစ်ကာလကို ဖြတ်သန်းလျက်ရှိပါတယ်။ မနေ့ကလည်း ဂီတမောင်နှမတွေနဲ့ တွေ့ဆုံပြီး အပြန်မှာ အလှူလေးတစ်ခုရအောင် လုပ်ဖြစ်ခဲ့တဲ့အကြောင်းကို မျှဝေလာပါတယ်။

” မနေ့က, မောင်နှမတွေ , တွေ့ဆုံကြတယ်… အပြန်,မင်းဓမ္မလမ်းက, သစ်ပင်တွေဝယ်, ကိုယ့်ဘုန်းကြီးကျောင်းကိုလှူခဲ့ပြီ, ဒီရက်ထဲ, မရှိမလှူမဖြစ်ရလေအောင်, အလှူ ရေစက်လက်နဲ့ မကွာ လှူဖြစ်နေခဲ့ပါတယ်” ဆိုပြီး သူလုပ်ဖြစ်ခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…. ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ကိုဗစ်ကာလကို ဖြတ်သန်းနေတဲ့အပြင် မရှိလို့မလှူ မလှူလို့မရှိ မဖြစ်ရလေအောင် အလှူဒါနပြုနေတဲ့ မကော်ကတော့ မွန်မြတ်တဲ့စိတ်ထားပိုင်ရှင်လေးပါပဲနော်။

Source – Tun Connie
Rainbow- Cele Gabar

#credit cele gabar