News

ကာကွယ်ဆေး မရှိ ထိန်းချုပ်ဆေး မရှိသော ဗိုင်းရပ်စ် တစ်မျိုးကြောင့် မကွေး ကံမ တွင် ၀က်ကောင်ရေ ၁၀၀ ခန့် သေဆုံးနေပြန်

မကွေးတိုင်း ၊ ကံမမြို့ က ဝက်မွေးမြူရေးခြံ နဲ တပိုင် တနိုင် မွေးမြူရေး လုပ်ကိုင် သူတွေ ရဲဝက်တွေ ဖျားနာပြီး အကောင်ရေ ၁၀၀ ဝန်းကျင် အထိ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံမွေးမြူရေး သမားတွေဆီက သိရပါ တယ်။
အခု လို ဝက်တွေ အများအပြားသေဆုံးနေမှုကိုလေ့လာကြည့်ခဲ့တာ ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်နိုင် တာတဲ့ အတွက် တခြားနေရာတွေကို မကူးစက်မပြန့်ပွားအောင် ကံမမြို့အတွင်း ဝက်တင်သွင်းခြင်း၊ သွားလာနေခြင်း ကို အစိုးရအနေနဲ့ ထိန်းချုပ်ကန့်သတ် ဖိုလိုပေးဖိုလို အပ် နေတယ် ဝက်မွေးမြူရေး လုပ်ငန်းရှင်တွေက ဆို ပါတယ်။

“ခုထိ မွေးမြူရေးသမားတွေ ကို ဘာမှ ကူညီပံ့ပိုးပေးတာ မရှိဘူး။ မြို့နယ် ကလည်း မရှိဘူး ဌာနဆိုင်ရာတွေက လည်း မရှိဘူး၊ အခု ဝက်တွေသေတာ ကို သေချာလေ့လာအစအ ဆုံးကြည့်ပြီးပြီ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ် တယ်။ခုလက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖိုက အစိုးရကလုပ်ပေးမှ ရမယ် ။ ဒါကိုတခြားနေရာကို မပြန်အောင် လုပ်ရမယ် ။ ခု ဝက်ကားတွေက ဝင်ထွက် သွားလာနေတယ်ခု ထိထိန်းချုပ်တာ ကန့်သတ်တာလုပ်မပေးဘူး။ဘယ်လောက်ပဲအော်အော် လုပ်မပေးဘူး။ နောက်ဆုံးသေတာ ကိုပဲ ထိုင်ကြည့်နေရတဲ့ ဘဝ ကာကွယ်ဆေးလဲ မရှိဘူး ထိန်းချုပ်ဆေးလဲ မရှိဘူး။ “လို ၁၀ နှစ်အထက် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ထက် ပိုင်ကပြော ပါတယ်။ကံမမြို့ အတွင်း ဝက်သေဆုံးမှု ဟာ ဇူလိုင်မှာစတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး ကျေးရွာ အချိုတွေ မှာလည်း ဝက် – သေဆုံးမှုရှိနေပေမယ့် စာရင်း အတိအကျ မသိရပါဘူး၊ကံမမြို့မှာ လက်ရှိအချိန်ထိကို ဝက်များသေဆုံးမှု ဖြစ်ပွားနေဆဲဖြစ်တယ်လို သိရပါတယ်။ဝက်သေဆုံးနေမှု နဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီး အရာရှိ ဒေါက်တာကျော်မင်းလှိုင်က ” ဟောပြောပွဲလုပ်တာကို ကိရိစ္ဆာန်ကျန်းမာရေးလုပ်သားတွေ ကိုတော့ ရောဂါတစ်ခုခုဖြစ်ရင်သတင်းပို့ဖို ပြောထားတယ်။

ခုက ပြည်နယ်နဲ့တိုင်းလေးခုမှာ ဝက်အပျင်းဖျားရောဂါဖြစ်နေတယ်။အဲ့ဒီရောဂါ နဲ့ပတ်သက်ပြီးလည်းမြို့နယ် တွေ မှာမဖြစ်အောင် သတိပေး ထားတယ် လိုက်နာဖို့လည်း ဆိုင်းဘုတ်တွေ နဲသတိပေးထားတယ်။
ခုဖြစ်နေတဲ့ ဝက်တွေမှာကအခြားရောဂါတွေနဲ့ ဆိုင်တာဖြစ်လေ့ဖြစ်ထ ရှိတယ် ။ ခုထိတော အကြောင်းကြား တာ မရှိသေးဘူး”လို ပြောပါတယ်။လက်ရှိမှာတော ဝက်သေဆုံးမှုနဲ့ပတ်သက်လို မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေက လာ ရောက် အကြောင်းကြားတာ မရှိကြဲ အတွက် ဝက်သေဆုံးမှုဟာ ဝက်အပြင်းဖျားရောဂါ ကူးစက်ခံရပြီး သေဆုံးခြင်း ဟုတ်မဟုတ်ကိုမပြောနိုင်ကြောင်း၊ ဝက်အပြင်းဖျားရောဂါ ဟုတ်မဟုတ် ကို ဓာတ်ခွဲစစ်ဆေးမှုပြီး မှသာ အတိအကျ သိရှိနိုင်မှာဖြစ်တယ် လှိသိ ရပါ တယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေ မှာဖြစ်ပွားမှုရှိ ထားပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝ မကူးစက်နိုင် ရောဂါဖြစ်တယ် လိုသိရ ပါ တယ် ။

#credit