Celebrities

မိုးပြည့်ပြည့်မောင်ကို သတိတရမွေးနေ့ဆုတောင်းပေးလိုက်တဲ့ ချောရတနာ

ရုပ်ရှင်နဲ့ကြော်ငြာတွေမှာ မြင်တွေ့ခဲ့ရတဲ့ ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးပြည့်ပြည့်မောင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ကိုယ်ပိုင်မိသားစုလေးတည်ဆောက်ထားပြီဖြစ်တဲ့ မိုးပြည့်ပြည့်မောင်ကိုတော့ အရင်ကလောက် အနုပညာအလုပ်တွေမှာသိပ်မတွေ့ရတော့ ပေမဲ့ပရိသတ်တွေချစ်နေဆဲလို့ဆိုရမှာပါ။ပရိသတ်တွေချစ်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ မိုးပြည့်ပြည့်မောင်ကို သတိတရနဲ့မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ မိုးပြည့်ပြည့်မောင်ကိုတော့ ည(၁၂)နာရီမှာ သတိတရဆုတောင်းပေးခဲ့တာဖြစ်ပြီး သူတို့မိသားစုပုံလေးကိုတင်ထားတာလည်း ဖြစ်ပါတယ်။ ချောရတနာကလည်း အနုပညာအလုပ်တွေကျဲသွားပေမဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုနဲ့အချစ်တွေရရှနေဆဲလို့ ဆိုရမှာပါ။
သူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦးအခင်အမင်မပျက် အမှတ်တရနေ့လေးတွေမှာ ဂရုတစိုက်ရှိကြတာ တကယ့်ကိုချစ်ဖို့ကောင်းပါတယ်။ မိုးပြည့်ပြည့်မောင်တစ်ယောက် မွေးနေ့မှစ သက်ဆုံးတိုင် သာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေနော်…
#credit cele gabar