Celebrities

သာယာအေးချမ်းတဲ့ညောင်ရွှေမြို့လေးမှာ ကြည်နူးနေကြတဲ့ ပိုပိုနဲ့ပိုင်တံခွန်

ပိုပိုကတေ့ာသူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကိုချပြလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း ညောင်ရွှေကိုရောက်နေတာဖြစ်ပြီး ပရိသတ်တွေကို ပုံရိပ်လေးတွေမျှဝေလာတာပါ။သာယာတဲ့ကန်ရေပြင်ကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ပုံလေးတွေကို ပရိသတ်တွေကိုမျှဝေလာတာပါ။

ပိုပိုကတော့ မဒီလေးတွေအသည်းကျော်မင်းသားချောပိုင်တံခွန်နဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ သူလမ်းလျောက်တိုင်းအရိပ်ကလေးလို သူချစ်တတ်တဲ့ ခွေးလေး တစ်ကောင်လိုမျိူး သူသွားတိုင်းလွယ်တတ်တဲ့ အိတ်လေးလို သူ့အနားမှာ အမြဲ တမ်းရှိပါရစေ ဆိုပြီး ရေးသားထားတာပါ။ သူတို့နှစ်ယောက်ရဲ့ကြည်နူးစရာပုံလေးတွေကိုတော့ ပရိသတ်တွေကအမျိုးမျိုးမှတ်ချက်ပေးထားပါသေးတယ်။


ပိုပိုတစ်ယောက် သီချင်းအသစ်အတွက် MV  ရိုက်ကူးနေတာလားဆိုပြီး ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြတာပါ။ ပိုပိုကတော့ သံယောဇဉ်လက်ကျန် ဆိုတဲ့ သီချင်းလေးလည်း ထွက်ရှိထားပါသေးတယ်။ အခုလည်း ဘယ်လိုမျိုးသီချင်းကောင်းလေးထွက်လာဦးမလဲဆိုတာ ရင်ခုန်နေပါပြီနော်…
Source : ပိုပို

#credit celegabar