Health & Knowledge

“ကင်ဆာအတွက် ဆေးအပင် နှင့် အသီး”

ပုံတွင်ပြထားတာကတော့ ကင်ဆာပင်ခေါ် ကင်ဆာသီးပင်ခေါ် နတ်ဆေးပင်လို့ခေါ် ်ကြပါတယ်

သူ့အပင်ကအရွက်ဟာ ကွမ်းရွက်နဲ့ အလားသဏ္ဍာန်တူပါတယ် သူ့အသီးဟာအညိုရောင်ပါကင်ဆာကဲ့သို့ အသီးမှာအမြစ်တွေ ဖွာထွက်၍သီးပါသည်အာလူးအရောင်နဲ့လည်းသီးပါတယ်အစိမ်းပုံလည်းသီးပါတယ်အညိုရောင်သီးသောအသီးကသာ ကင်ဆာနိုင်နင်းပျောက်ကင်းပါတယ်၎င်းအသီးနုကိုခူး၍စားသော်၎င်းကင်ဆာဝေဒနာများ လက်တွေ့ပျောက်ကင်းပါသည်

အသဲကင်ဆာ နုရင် အသီးစားယုံဖြင့်ပျောက်ကင်းပါသည်နို့ကင်ဆာ ပဆုပ်နာ ကင်းနာ များမှာ စားလည်းစား လိမ်းလဲလိမ်းပါ
၎င်းအသီးကိုအမှုန့်ပြု၍လည်း စားသုံးနိုင်ပါသည်အနာသိကေဆးရွိရ၏အားလုံးကျန်းမာလို့ ချမ်းသာကြပါစေ

အထက်ဖော်ပြပါဆေးပင်၏အမည်အားအောက်ပါဆောင်းပါးကို ဖတ်ပေးပါကျနော် ၎င်းအပင်ကို တွေ့ဖူးတာကတော့မင်္ဂလာဒုံမြို့နယ် ရွှေနှင်းဆီရပ်ကွက် ကဘုန်းကြီးကျောင်း တစ်ကျောင်းမှာတွေ့ဖူးပါသည်မျောက်ပင် မျောက်သီးနှင့် အရမ်းတူပါသည်

ကောက်ရင်ပန်းခေါ် အပျိုကြီးမျက်ခုံးပန်း”
**************************

ဒီပန်းရဲ့အမည်က ရုက္ခဗေဒအမည်ဖြင့်(Dioscorea bulbifera) လို့ခေါ်ပါတယ်။

မြန်မာလိုဆိုရင်တော့ ကောက်ရင်ပန်း လို့ခေါ်ပါတယ်။

ဒီပန်းဟာ ကောက်ဦးပေါ်ချိန်(စပါးရိတ်သိမ်းချိန်)
တန်ဆောင်မုန်းလများ၌ ပွင့်ပါတယ်။

သူဟာအရမ်းမွှေးပြီး ရင်ကိုအေးမြလန်းဆန်းစေပါတယ်။

သူ့ရဲ့အသီးကိုတော့ အစိမ်းစားရင် အဆိပ်အတောက်ဖြစ်တတ်ပြီး သူ့အသီးကို ပြုတ်ပြီး ကြော်စား၊ချက်စားလို့ရပါတယ်။

ဒီအပင်တွေဟာ (Yam)လို့ခေါ်တဲ့ မျောက်ဥ၊ကျွေးဥ နှင့် ဝဥ မျိုးအုပ်စုထဲကဖြစ်ပါတယ်။

သူ့အသီးကိုတော့ အင်္ဂလိပ်ဘာသာဖြင့် လေအာလူး(air potato)
လေမျောက်ဥ( air yam)
ခါးသောမျောက်ဥ( bitter yam) လူဝါးဝသောမျောက်ဥ(cheeky yam)
အာလူးမျောက်ဥ(potato yam)ဟူ၍ အမျိုးမျိုးခေါ်ဆိုကြပါတယ်။

သူ့အပင်ရဲ့သဏ္ဍာန်မတူသလို
သူ့အသီး သဏ္ဍန်ကလည်း အမျိုးမျိုးကွဲပြားပါတယ်။မတူညီပေမဲ့ စားသုံးလို့ရပါတယ်။ ချက်ပြုတ်မစားသောက်မှီ အဆိပ်အတောက်တွေကုန်စင်အောင် အရင်ဦးဆုံးပြုတ်ပါ။

သူ့ရဲ့ပန်းပွင့်ဟာ အဝါရောင် နှင့် အညိုရောင် (၂)မျိုး ရှိပါတယ်။ဒီပန်း ဘယ်လောက်မွှေးသလဲဆိုတာတော့ တောသူ တောင်သားများမှလွှဲ၍မြို့ပေါ်နေသူများကတော့ သိရှိသူနည်းပါး ပါလိမ့်မယ်

#credit