Health & Knowledge

ရှယ်ထားနော်!!! တစ်သက်လုံး အသုံးဝင်မယ့် ဆေးနည်းပေါင်းစုံတွေ”

မိတ်ဆွေတို့ရေ ဒီ post လေးကို ရှယ်ထားခြင်းဖြင့် မိမိတို့လိုအပ်တဲ့အခါအသုံးပြုနိုင်ဖို့အချိန်မရွေးဝင်ဖတ်လို့ရပါတယ်။ ချောင်းဆိုးလျှင်.ခရေပွင့်ကို တညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။ ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါး သက်စောင့်ဆေးကို နှမ်းဆီ ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။

နှာပိတ်သော်..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။တက်လျှင်.ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။ ရေငတ်ဝမ်းကျ ..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။ကင်းထိုးသော်.ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။ ကြို့ထိုးလျှင်ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ခရုသင်း..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။

ခြေတုန်လက်တုန်ဖြစ်လျှင်.ကွိတျမှနျရှကျယိုထိုူး စားပြောကျ၏ ။ခါးနာ ခါးကိုက်ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။ ငှက်ဖျားထလျှင် ..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့် အမျှစီကြိတ်၍ သောက်ပါ ။ခံတွင်းပျက်လျှင်..ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။ ခေါင်းတခြမ်းကိုက်လျှင်.ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

စအိုယားနာ.ကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။ဆီးချုပ်လျှင်.ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။ ဆီးတစက်စက်ကျလျှင်ကြက်သွန်နီကိုပြုပ်၍ အရည် ကိုသောက်ပေးပါ ။ဆီးချုပ်လျှင် ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။ ဆီးအောင့်ကျောက်တည်လျှင်ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။ဆီးချိုဖြစ်လျှင် .ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

ဆီးအနှစ်ကျလျှင်..သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။ ဆီးပူလျှင်..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။ဆံပင်ပြန်ပေါက်ဆေးသံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏ တင်းတိပ်.နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။ဓာတ်ချုပ်လျှင် ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

နားကိုက်လျှင်..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲ ထည့် နားကိုက်ခြင်းပျောက်၏ ။နားအူ နားလေထွက်လျှင်.သဘောင်္ရှကျ မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။ နားပြည်ယိုလျှင်.ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ ကြက်တောင်နှင့်ကျပ်ပေးပါ ။နားအတွင်းပိုးကောင်ဝင်လျှင်.ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။ နို့ကြောင်းပိတ်လျှင်.ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။နို့လှိုင်လှိုင်ထွက်ဆေးစမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။နှခေါင်းသွေးလျှံလျှင်ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။ နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ။ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။