News

လက်ဖက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်ငယ် လုပ်ငန်းတွေကို ချေးငွေ သိန်း(၁၀၀)အထိ ထုတ်ချေးမယ်


ချေးငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေရဲ့ အထွေထွေ ပိုလျှံရန်ပုံငွေကနေ ကျပ် (၁၀၀) ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေ ကို ကိုဗစ်ကာလ အရင်းအနှီးချေးငွေအဖြစ် အစိုးရကငွေကျပ် ၃၅ သိန်းကနေ သိန်း ၁၀၀ အထိ ထုတ်ချေးပေးမယ့်အစီအစဉ်ကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးမယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန် ကြီးဌာနက သိရပါတယ်။ချေးငွေထုတ်ချေးရာမှာ ကိုဗစ်ကြောင့်စီးပွားရေးထိခိုက်မှုဖြစ်ပွားခဲ့တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ငယ်တွေကို အဓိကထုတ်ချေးဖို့ စီစဉ်ထားယ်လို့သိရပါတယ်။ ဆိုင်အရွယ်အစားသတ်မှတ်ချက်အပေါ်မူတည်ပြီး ဆိုင်အငယ်ကို ငွေကျပ် ၃၅ သိန်း၊ ဆိုင်လတ်ကို ကျပ်သိန်းချေးငွေ ကျပ်ရ၀ သိန်း ၊ ဆိုင်ကြီးကိုချေးငွေ ကျပ် ၁၀၀သိန်း အထိထုတ်ချေးပေးမှာဖြစ်ပါတယ်။ “ဒီချေးငွေတွေကို ခု ဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ပေးမှာပါ။ ငွေထုတ်ချေးတဲ့အခါ မြန်မာ့ စီးပွားရေးဘဏ်ကနေ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွေကို ၁ ရာခိုင်နူန်းနဲ့ ချေးမယ်။အဲ့ဒီကမှ ဆိုင်ပိုင်ရှင်တွေက ၂ ရာခိုင်နှုန်း နဲ့ ပြန်ချေးယူရမှာဖြစ်တယ်”လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကပြောပါတယ်။ချေးငွေရယူမယ့် ဆိုင်ရှင်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်း ယာယီပိတ်သိမ်း ခဲ့ရတဲ့အထိ ထိခိုက်မှုရှိတဲ့ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်တွေ ဖြစ်ရမယ့်အပြင် ဆိုင်ဖွင့်လှစ်မှုသက်တမ်း (၁) နှစ်နှင့်အထက်ရှိပြီးကိုယ်ပိုင်မြေ၊ အဆောက်အဦးပေါ်မှာဖြစ်စေ၊ တရားဝင် ငှားရမ်းပြီး ဖြစ်စေအခြေတကျ ဖွင့်လှစ်ထားတဲ့အထောက်အထား တင်ပြရမှာဖြစ်ပါတယ်။နောက်ပြီးသက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေး အဖွဲ့တွေ ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိဖို့ လိုအပ်ပြီး အကယ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ဖွင့်လှစ်ထားကြောင်းထောက်ခံချက် တင်ပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။“ချေးငွေရမယ်ဆိုလို့တော့ ဝမ်းသာမိတယ်။ ဘာဖြစ်ဖြစ် လျှောက်တော့ ကြည့်ရမှာပေါ့။ တကယ်လိုအပ်သူတွေကို အမှန်တကယ်ထုတ်ပေးရင် အကောင်းဆုံးပါ။ လက်ဘက်ရည်ဆိုင်အတွက်ကတော့ ၃၅ သိန်းပဲရရ ၊ ၇၀ ပဲရရ ခုကာလ အရင်းအနှီးတစ်ခုတော့ဖြစ်ပါတယ်။ချေးငွေကာလ တိုတာ ကတော့ သိပိသဘောမကျဘူး”လို့ ပြည်မြို့နယ်က လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူက ကိုစိုးမိုးကပြောပါတယ်။ချေးငွေရယူမယ့် ဆိုင်ရှင်တွေဟာ လိုအပ်တဲ့ ပိုင်ဆိုင်မှု အထောက်အထား စာရွက် စာတမ်း ဒါ မဟုတ် အနည်းဆုံး အာမခံသူ ၂ ဦး တင်ပြဖို့လိုအပ်ပြီး ချေးငွေသက်တမ်းက တစ်နှစ်ဖြစ်ပါတယ်။ အဆိုပါချေးငွေကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေရဲ့ အထွေထွေပိုလျှံရန်ပုံငွေကနေ ကျပ် (၁၀၀) ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။
crd : Duwun