Celebrities

မှော်ဘီခြံထဲမှာ ဝါဆိုသင်္ကန်းကပ်အလှူပြုလုပ်ခဲ့တဲ့ ခင်လှိုင်

ခင်လှိုင်တို့မိသားစုလေးကတော့ မကြာခဏဆိုသလို အလှူအတန်းလုပ်လေ့ရှိတဲ့မိသားစုလေးပါ။ မိသားစုဝင်တွေရဲ့မွေးနေ့တွေမှာသာမက နေ့ထူးနေ့မြတ်တွေမှာလည်း စတုဒီသာအလှူတွေပြုလုပ်ရင်း ဖြတ်သန်းလေ့ရှိသူတွေပါ။

မကြာခင်မှာတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ဝါဆိုလပြည့်နေ့ရောက်တော့မှာဖြစ်ပြီး အခုလိုအချိန်မှာတော့ တော်တော်များများ ဝါဆိုသင်္ကန်းကပ်လှူနေတာကို တွေ့မြင်ရမှာပါ။ ဒီနေ့မှာတော့ ခင်လှိုင်တို့ မိသားစုလေးကလည်း မိသားစုပိုင်မှော်ဘီခြံလေးမှာ ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြပြီး အုန်းနို့ခေါက်ဆွဲစတုဒီသာ ကျွေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

အလှူအတွက် အုန်းနို့ခေါက်ဆွဲကိုတော့ ခင်လှိုင်ကိုယ်တိုင် ချက်ခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ရွာသူရွာသားတွေအကုန်လုံးကို ဝေငှသွားမှာဖြစ်ပါတယ်။ ဘာသာ၊သာသနာရေးကို အမြဲအလေးထားပြီး အလှူအတန်းဆိုထိပ်ဆုံးက ရောက်နေတတ်တဲ့ ခင်လှိုင်တို့မိသားစုရဲ့ ကြည်နူးစရာ ဝါဆိုသင်္ကန်းကပ်အလှူပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Khin HLaing
Rainbow- Cele Gabar

#credit