Knowledge

အိမ်မရှိသူများ အိမ်ပိုင်လာစေမယ့် သိကြားမင်းကိုယ်တိုင် ဖန်ဆင်းပေးရတဲ့အထိအစွမ်းထက်ဂါထာတော်

အိမ်မရှိသူများ အိမ်ပိုင်လာစေမယ့် သိကြားမင်းကိုယ်တိုင်ဖန်ဆင်းပေးရတဲ့အထိအစွမ်းထက်ဂါထာတော်ကြီးကိုမျှဝေလိုက်ပါတယ်နော်..အိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါ….ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက်ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်…နံနက်စောစောထပါ….ပျင်းရိခြင်း မောဟကိုပယ်ပါ။သရဏဂုံ၃ပါးဆောက်တည်ငါးပါးသီလခံယူပါ…

အဓိဋ္ဌာန်ဝင်ပါ…ဖြစ်နိုင်ရင်ကျနော်အခုတင်ပေးထားသည့်အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။မန်းတလေးအိမ်တော်ရာစေတီရန်ကုန်အိမ်တော်ရာ စေတီ ကြိုက်ရာ စေတီပုံတော်ကိုဝယ်ယူထားပါ။အိမ်ပြင်ဆောက်ရန်အတွက်အခက်အခဲဖြစ်နေကြသူများအိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများအဓိဋ္ဌာန်ဝင်ကြည့်ကိုယ်တိုင်သိရပါလိမ့်မယ်…လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ မကြာခင်သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ် ပါလာပါလိမ့်မယ်။

စာမူတွေ ရောက်သွားပါပြီ။မိမိသည်အဓိဋ္ဌာန်ဆောက်တည်ပါ…ပုတီး ၂ပတ် အနည်းဆုံးစိပ်ပါ၉ပတ်စိပ်လျှင်ပိုကောင်းပါသည်။သစ္စာပြု ဆုတောင်းပါကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။ပုတီစိပ်ရန် ဂုဏ်တော်ကားဗောဓိ ဗုဒ္ဓေါ မဟာဃရောပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံး

အနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကိုသိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဃရော သတ္တဝါတို့၏ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီသဖွယ်နှင့် လည်းတူတော်မူပါပေ၏။ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသောဗုဒ္ဓောမြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ။

ဤမဟာဂုဏ်တော်၂ပါးကိုအမြဲအာစိန္နကံအဖြစ်နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စု ပ္ပန် တင် မကသံသရာပါ ဖြစ်ရာဘဝနေစရာအိမ်ဘုံဗိမာန်များ အတွက် ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိကသူဌေးကဲ့သို့ဘုန်းတန်ခိုး ကြီးမားပါလိမ့်မည်။

#credit