Knowledge

နှင်းဆီပန်း ရိုးတံလေး ကို အပင်သစ်လေးဖြစ်အောင် လွယ်လွယ် ကူကူပြန် စိုက်နည်း

ဘုရားပန်းထိုးဖို့ပဲဖြစ်ဖြစ်၊ အလှပန်းအိုးထိုးဖို့ပဲဖြစ်ဖြစ် ဝယ်လာတဲ့ နှင်းဆီပန်းပွင့် ရဲ့ ပင်စည်လေးကို ပြန်ပြီး အပင် အဖြစ်စိုက်ပျိုးလို့ ရပါတယ်နော်။ ကိုယ့်ရဲ့ အိမ်လေးမှာ ပန်းအိုးသေးသေးလေးနဲ့ အလွယ်တကူ စိုက်ပျိုး ထားလိုက်ရုံနဲ့ နှင်းဆီပန်းလေးတွေ ဝေဝေဆာဆာ ပွင့်လာမှာပါ။ နှင်းဆီပန်းကို ဘယ်အချိန်မ ဆို ပြေးဝယ် လိုက်လို့ရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ အိမ်မှာ ကိုယ်တိုင် စိုက်ပျိုးပြီးမှ ရလာတဲ့ ပန်းပွင့်လေးကိုတော့ ပိုတန်ဖိုးထားပြီး ကြည်နူးမှုတစ်မျိုးကို ပေးစွမ်းစေမှာပါ။ ကဲ ဒါဆို နှင်းဆီပန်းပွင့်ပါတဲ့ ပင်စည်လေးကို ဘယ်လိုစိုက်ပျိုးရမလဲ ပြောပြပေးချင်ပါတယ်။

Step 1

ပထမဆုံးအနေနဲ့ ဘယ်ပန်းပင်ပဲ စိုက်ပျိုးပါစေ မြေကောင်းကောင်းနဲ့ စိုက်ပျိုးမှ အဲဒီ့အပင်က လှလှပပ ကြီးပြင်းနိုင်မှာပါ။ အဲဒီ့တော့ စိုက်ပျိုးဖို့မြေကောင်းကောင်းလိုအပ်ပါတယ်။ စိုက်ပျိုးတဲ့နေရာမှာ မြေဆိုပြီးရောဆိုပြီး တွေ့ရာမြေနဲ့စိုက်ပျိုးရင်တော့ အဲဒီ့အပင်လေး အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ နှင်းဆီပင်လေးစိုက်ပျိုးဖို့အတွက် အစိုဓာတ်များ တဲ့မြေ ကို ရွေးချယ်ရမှာပါ။

အစိုဓာတ်ရှိတဲ့ မြေတစ်ဝက်နဲ့ ဘဘာဝမြေသြဇာ ဥပမာ- နွားချေး လိုမျိုးရရင် ပိုကောင်းပါတယ် ဒါမှမဟုတ် ပန်းပင်အတွက် ထုတ်ထားတဲ့မြေသြဇာမြေတစ်ဝက်ကို ရောနှောပြီး စိုက်ပျိုးမယ့် ပန်းအိုးထဲမှာ လက်မအနည်း ငယ်လောက် ချန်ပြီး ထည့်ပေးရပါမယ်။

Step 2

နောက်တစ်ဆင့်အနေနဲ့ နှင်းဆီပန်းပွင့်ပါ တဲ့ အပိုင်းကို ကပ်ကြေးနဲ့ ညှပ်ဖယ်လိုက်ပြီးတော့ ပင်စည်ကို ခုနားက မြေကြီးထဲမှာ လက်မ အနည်းငယ်လောက် ထိုးပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနည်းနည်းလောက် လောင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာ ထားပေးရမှာ ဖြစ်ပါတယ်။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မယ့် နေရာမျိုးမှာ မထားသင့်ပါဘူး။ အပင်ရဲ့ အသစ် ထွက်လာမယ့် အရွက်ကလေးတွေ ဟာ နေရောင်ခြည်ကြောင့် ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Step 3

စိုက်ပျိုးပြီးသွားရင်တော့ နှင်းဆီပင်လေးကို ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။ နှင်းဆီပင် စိုက်ပျိုးထားတဲ့မြေကို အစိုဓာတ်ရအောင် မြေကြီးခြောက်သွေ့နေပြီဆိုတာနဲ့ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းသိမ်းနိုင်အောင် ရေကို ပုံမှန်လောင်းပေးရမှာ ဖြစ်ပါတယ်။ နှစ်ပတ်၊ သုံးပတ်လောက်နေရင်တော့ အမြစ်လေးတွေ ထွက်လာမှာပါ။ ဒါပေမယ့် အမြစ်တွေထွက်ပြီလားဆိုပြီး ပင်စည်လေးကို ဆွဲနှုတ်မကြည့်ရပါဘူးနော်။ အမြစ်ထွက်လာရင်တော့ မကြာခင်မှာ အရွက်လေးတွေ ထွက်လာပါလိမ့်မယ်။ ဒီလိုဆို ကိုယ့်ရဲ့အိမ်လေးမှာ နှင်းဆီပင်လေးကို အလွယ်တကူစိုက်ပျိုးပြီး နှင်းဆီနံ့လေးတွေ တစ်အိမ်လုံးမွေးပျံ့နေတော့မှာ ပါနော်။ ဒီနည်းလမ်းလေးကို အသုံးပြုပြီး ကိုယ်တိုင်နှင်းဆီပင်လေး စိုက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
#credit