Knowledge

မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့ပေမဲ့ အကြောသေနေတဲ့ဖခင်ကို မညည်းမညူ ပြုစုစောင့်ရှောက်နေတဲ့ သမီးငယ်လေး

မိဘဖြစ်ရတာ သားသမီးတွေကိုပြုစုစောင့်ရှောက်ရတဲ့အပြင် ၊ အိမ်မှုကိစ္စ နှင့် စီးပွားရေးတွေပါ ဦးစီးလုပ်ဆောင်နေရလို့ နားရတယ်လို့ကို မရှိရလောက်အောင် ခက်ခဲလွန်လှပါတယ် ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့ Jia Jia ဆိုတဲ့ 6 နှစ်အရွယ်သမီးလေးရဲ့အဖြစ်ကတော့ မထင်ထားရလောက်အောင်ပါပဲ ။ သိတတ်လွန်းပြီး စိတ်ရှည်သည်းခံမှုတွေအပြည့်ရှိတဲ့ Jia Jia ဟာ အကြောသေနေတဲ့ သူမရဲ့ဖခင် Tian Haicheng ကိုပြုစုစောင့်ရှောက်ပေးနေတဲ့ video တွေဟာ online ပေါ်မှာပျံ့နှံ့လို့နေပြီး ၊ ကြည့်ရှုသူတွေရဲ့ နှလုံးသားကိုလှုပ်ခါသွားစေနိုင်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူ Mr Tian က အဆိုပါ video ကို social media ပေါ်ဝေမျှပေးပြီးနောက်မှာတော့ အကောင့်မှာ Follower ပေါင်း 480,000 ကျော်အထိရရှိသွားခဲ့ပါတယ် ။

ဖခင်ဖြစ်သူဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ရင်ဘတ်ကနေစပြီးအောက်ဖက်ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားခဲ့ပါတယ် ။ ကားအက်စီးဒန့်ဖြစ်ပြီး 2လ အကြာမှာတော့ ဇနီးဖြစ်သူဟာ အိမ်ကနေထွက်သွားခဲ့ပြီး ၊ သားဖြစ်သူကိုပါ သူမနဲ့အတူခေါ်သွားခဲ့ပါတယ် ။ ” အဖေ့ကို စောင့်ရှောက်ပေးရတာ နဲနဲလေးတောင် မပင်ပန်းပါဘူး ” ဆိုပြီး Jia Jia က အင်တာဗျူ းမှာ ဖြေကြားသွားခဲ့ပါတယ် ။

Jia Jia ဟာ မနက် 6နာရီမှာ အိပ်ယာကနေထပြီး ၊ ဖခင်ဖြစ်သူကို ခေါ်ထပြီး ဝီးချဲပေါ်တင်ပေးဖို့ လူသိုင်ကြီးတွေသုံးပြီး စက်ခလုတ်နှိပ်ပေးလေ့ရှိပါတယ် ။ ထို့နောက် ဖခင်ဖြစ်သူရဲ့ကြွက်သားတွေကိုနာရီဝက်ခန့်နှိပ်နယ်ပေးပြီး ဖခင်ဖြစ်သူကို မျက်နှာသစ် ၊ သွားတိုက်ပေးပါတယ် ။ ထို့နောက်ဖခင်ကို အဘွားဖြစ်သူနှင့်အတူထားခဲ့ပြီးမှ သူမကျောင်းကိုသွားပါတယ် ။ Jia Jia ဟာ အသက်အတော်လေးငယ်နေသေးပေမဲ့ ဖခင်ရဲ့မုတ်ဆိတ်တွေကို ရိတ်ပေးတတ်နေပြီဖြစ်တဲ့အတွက် ” အဖေ့ရဲ့လက်ကလေး ” ဆိုပြီး ဖခင်ဖြစ်သူကခေါ်နေရလောက်အောင် သိတတ်လိမ္မာလွန်းတဲ့ သမီးငယ်လေးဖြစ်ပါတယ် ။

\

#credit