News

အမေစုရဲ့ လက်ရုံးကြီး ဆုံးပြီတဲ့… မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ရပါတယ်

အမေ့ အပါးမှာ.. အားကိုးရတဲ့ဦးစိုးဝင်း ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် မိသားစု နှင့် အတူ ထပ်တူဝမ်းနည်းရပါတယ်..’ ဦးစိုး ကောင်းရာသုဂတိလားမှာပါ..

အမေစုရဲ့ လက်ရုံးကြီး ဆုံးပြီတဲ့ နှလုံးလှလူကြမ်းကြီးဦးစိုးဝင်း။လူထုခေါင်းဆောင်အတွက်အရိုးကြေကြေ အရေခန်းခန်းအသက်နဲ့လဲပြီးကာကွယ် သွားမယ် ဆိုတဲ့ သာကေတက နှလုံးလှ လူမိုက်ကြီးဦးစိုးဝင်း။

တက်သစ်စအစိုးရလက်ထက်မှာ သက်တော်စောင့်ဖြစ်လာတဲ့ပူပူနွေးနွေး သက်တော်စောင့်မလေး ချယ်ရီထက်ကို လူသိများပေမဲ့.. နှစ်ပေါင်းများစွာလူထု ခေါင်းဆောင်ကို ထီးလိုမိုးအရိပ်သဖွယ် ကာကွယ်ပေးခဲ့တဲ့ ဦးစိုးဝင်းအကြောင်းကတော့လူသိနည်းလှ ပါတယ်။သူလိုလူရဲ့ရှားရှားပါးပါးစိတ်ဓာတ် ကိုမှတ်တမ်းတင်လိုက်ပါတယ်။

ဦးစိုးဝင်း တာဝန်ကျေလိုက်ပုံကတော့ တော်လှန်ရေးပြန် ဗိုလ်ချုပ်ကြီးသူရဦးတင် ဦးတောင် အံ့သြယူရတယ် အမေစုအပြင်ကပြန်လာပြီး ကိုစိုးဝင်းကျမ ၁၅မိနစ်အချိန်ရတယ်.. ခဏနားဦးမယ်ဆိုပြီး ခဏအနားယူနေချိန်မှာအဘဦးတင်ဦး ရောက်လာပြီး ခဏလောက် တွေ့ချင်တာကိုအတွေ့မခံ။ အိမ်လှေကားဝကနေ အတက်မခံ။အမေစု အနားယူချိန် ၁၅ မိနစ်ပဲရှိလို့နားပါစေတဲ့ အတွေ့မခံလို့ ဦးတင်ဦး စိတ်ဆိုးပြန်သွားတယ်။ ခဏကြာ အဘဦးတင်ဦး ကျနော်စိတ်လောသွားလို့ပါ ကိုစိုးဝင်းလို့ ပြောပြီး တောင်းပန်ယူရပါသတဲ့။

ဦးရွှေမန်းနဲ့တွေ့တော့လည်း ဦးရွှေမန်း pso ကသူ့ကို အပြင်ထွက်ခိုင်းတော့ မင်းလည်း ဦးရွှေမန်း pso ငါလည်းအမေစု ကိုယ်ရံတော် ထွက်ခြင်းထွက် နှစ်ယောက်စလုံး အခန်း အပြင်ထွက်မှထွက်မယ် လို့ ခပ်တင်းတင်း ပြန်ပြောလို့ ဦးရွှေမန်းကရီပြီး သူ့psoကိုနေပါစေ မထွက်ခိုင်းပါနဲ့တဲ့။ အမေစုအတွက်ဆို အသက်ကိုပေးဆပ်ဖို့ဝင်မလေးသူ.. သာကေတသား.. နှလုံးလှလူမိုက်ကြီးဦးစိုးဝင်း အမတ်တနေရာရွေးခိုင်းတော့လည်းမယူ..

မိသားစုပါနေဖို့နေပြည်တော်က အမေစုရဲ့ အိမ်ဝင်းလုံခြုံရေးအတွက်သီးသန့် နေဖို့အဆောက်အဦပေးတော့လည်း လက်မခံ…ပါဘူးတဲ့။ နိင်ငံခြားသွားရင် ဝတ်ဖို့ဘောင်းဘီပေးတော့လည်းမဝတ် အဆောင် အယောင်ပေးခဲ့ရင် သူ့ကိုအမေစုက အနားမှာမနေစေချင်လို့ သူ့ကိုနှင်လိုက်တာနဲ့အတူတူပါပဲဆိုလို့ ဘာမှမပေးရဲတဲ့ သာကေတသား…

နှလုံးလှလူကြမ်းကြီး ဦးစိုးဝင်း။အခုဆုံးပြီတဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ရပါတယ် ၊ ကိုစိုးဝင်း ကောင်းရာ သုဂတိလားပါစေ။

#credit original poster