Celebrities

လတ်တလော ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဦးကျော်သူဆီကနေ ချီးကျူးခံလိုက်ရတဲ့ Ar-T

ပရိသတ်ကြီးရေ လတ်တလောမှာတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် Ar-T ကတော့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေခဲ့ရပါတယ်။ ချီးကျူးခံနေရတဲ့ အကြောင်းကတော့ Ar-T ရဲ့ ဖန်တီးမှုတွေဖြစ်တဲ့ သီချင်း MTV ရိုက်ကူးမှုတွေက အသစ်အဆန်းတွေဖြစ်နေတဲ့ ဇာတ်လမ်းတွေနဲ့ ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုတာကို ခံနေရတာပါ။ပရိသတ်တွေရဲ့ ချီးကျူးမှုကို အကြီးအကျယ်ခံနေရတဲ့ အပြင် နိုင်ငံကျော်နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ အပြင် ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ ဦးကျော်သူရဲ့ အားပေးချီးကျူးမှုကိုပါ ခံလိုက်ရပြန်ပါတယ်။ ဦးကျော်သူကတော့ “ဆန်းသစ်မှုဖြင့် ဖောက်ထွက်မှုကို လေးစားပါတယ်။” ဆိုပြီး မှတ်ချက်ပေးဂုဏ်ပြုခဲ့တာပါ။ Ar-Tကတော့ အခုလို တော်လွန်းလှတဲ့ သူတစ်ယောက်ဆီကနေ ချီးကျူးဂုဏ်ပြုတာကို ခံခဲ့ရတာကြောင့် ကျော်ရွှင်နေခဲ့ကြောင်းကို သူ့ရဲ့My Story လေးကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။Ar-Tကတော့ အခုလို ဦးကျော်သူဆီကနေ ချီးကျူးဂုဏ်ပြုစကားကို ကြားရလိမ့်မယ်လို့ ထင်တေင်မထင်မှတ်ထားခဲ့ပါဘူးတဲ့။ CeleGabar ပရိသတ်ကြီးတွေရော လတ်တလောမှာ ဖန်တီးထားတဲ့ Ar-Tရဲ့ MTV ရိုက်ကူးမှု တွေကို ကြည့်ရှုပြီးကြပြီလား။ သဘောကျနှစ်သက်ပြီး စိတ်ကျေနပ်မှုရှိကြရဲ့လား။
Chillli – CeleGabar
Source – Ar-T
#credit original poster