Health & Knowledge

အဆစ်ရောင်ရောဂါ နှင့် နာတာရှည်ကျောက်ကပ်ရောဂါရှင် များအတွက်အကောင်းဆုံးဆေးနည်

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတောာ့ဂေါက် အဆစ်ရောင်ရောဂါ နှင့် နာတာရှည်ကျောက်ကပ်ရောဂါရှင် များအတွက်အကောင်းဆုံးဆေးနည်း့အကြောင်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် ။

အဆစ်အမြစ်ရောင်ရမ်းခြင်းသည် နှစ်ရှည်ဖြစ်လာတဲ့အခါတွင် အဆစ်များပျက်စီးစေတတ်သောကြောင့် အလုပ်အကိုင်များပါ မလုပ်နိုင်တော့တဲ့အထိဖြစ်တတ်ပါသည် ။ ဒီမျှမက ကိုယ်ခန္ဓာထဲမှာရှိတဲ့ ယူရစ်အက်စစ်တွေစုနေရာက အသားလုံးအဖုလုံးတွေကိုပါ ဖြစ်စေတတ်ပါသည် ။ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ယူရစ်အက်စစ်ကဖြစ်လာသော ကျောက်များသည် ဆီးလမ်းကြောင်းကျောက်တည်စေခြင်းကို ဖြစ်စေတတ်ပါသည် ။

တစ်နည်းအားဖြင့် (gout) ဂေါက်အဆစ်ရောင်ရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါရှင်တွေမှာ အလွန်များတယ်လို့ဆိုပါသည် ။ဒါကြောင့် မြန်မာနည်းမြန်မာဟန်နဲ့ အဆစ်အမြစ်တွေရောင်ရမ်း နေပြီဆိုရင် ရောဂါနုစဉ်ကပင် ဂရုတစိုက်ကုသသင့်ပါတယ် ။ အချို့ သွေးအားလေအားနည်းပါး၍ ခြေဆစ်လက်ဆစ်များ ၊ဒူးဆစ်များ ၊ ခြေကျင်းဝတ် ၊ လက်ကောက်ဝတ် ၊ လက်ဖျံအဆစ်စသည်ဖြင့်ကိုယ်ခန္ဓာအနှံနာနာကျင်ကျင်ကိုက်ခဲခြင်းကိုခံစားရတတ်ပါသည် ။

မိတ်ဆွေတစ်ဦး အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် ဆေးကြပ်ထိုးခြင်းဖြင့် သက်သာသည်ဟုဆိုပါသည် ။ထိုနည်းဖြင့် အဆစ်အမြစ်ကိုက်ခဲနာကျင်သူများ သက်သာပျောက်ကင်းနေကြပါ၍ ဤနည်းလေးအား တင်ပြခြင်းဖြစ်ပါသည်။

“ဆေးနည်းမှာ”

ငုရွက်ကိုလူအတော်များသိပါသည် ။ နွေလများမှာ ပိတောက်နှင့် အပြိုင် ပွင့်သောငုဝါပန်းပွင့်သော ငုပင်ကိုဆိုလိုပါသည် ။ ငုဝါရွက်နှင့််သက်ရင်းကြီးရွက် နှစ်မျိုးကိုကြပ်ထုပ်(၄)ထုပ်စာမျှ ထိုးနိုင်လောက်အောင်ခူးပြီး ရေစင်အောင်ဆေး၍သန့်စင်သော ဆုံတွင် ဆားအနည်းငယ်မျှထည့်ပြီး ထောင်းရသည် ။ အဝတ်သန့်သန့် လေးများဖြင့်ကြပ်ထုပ်ပြုလုပ်ရပါမည် ။

ကြပ်ထုပ်အပူရှိန်ကိုချင့်ချိန်ပြီး အဆစ်အမြစ်ကိုက်ခဲသော အဆစ်အမြစ်နေရာများကိုအလှည့်ကျ ကြပ်ထုပ်ထိုေးပးခြင်းကို နေ့စဉ်(၃၀)မိနစ်မျှ ပြုလုပ်ပေးရန်ဖြစ်ပါသည် ။ အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အကောင်းဆုံးမှာ သိပ္ပံနည်းကျ ဆရာဝန်ဖြင့်ကုသရန်မှာ အကောင်းဆုံးဖြစ်သော်လည်း ကုသရန် ခက်ခဲသူများအတွက် ဤဆေးနည်းလမ်းလေးဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါ၍ လိုသူတို့သုံးနိုင်ပါရန် ရေးသားလိုက်ပါသည် ။

ယခုပြောပြတဲ့ဂေါက် အဆစ်ရောင်ရောဂါ နှင့် နာတာရှည်ကျောက်ကပ်ရောဂါရှင် များအတွက်အကောင်းဆုံးဆေးနည်း့အကြောင်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး ။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။ ယခုလို အချိန်ပေး ဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။